ဘောလိဝုဒ်စတားရှရွတ်ခန်းရဲ့ သားဖြစ်သူ အာရန်ခန်း အချုပ်မှ လွတ်မြောက်

112

မွန်ဘိုင်းမြို့အပျော်စီးသင်္ဘောပေါ်တွင် မူးယစ်ဆေးဝါးရှာဖွေတွေ့ရှိမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဘောလိဝုဒ်စတားရှရွတ်ခန်းရဲ့ သားဖြစ်သူ အာရန်ခန်းအချုပ်ကျ ခြင်းမှ လွတ်မြောက်ကာ အိမ်သို့ပြန်လည်ရောက်ရှိနေပြီလို့ သိရပါတယ်။“ဘောလိဝုဒ်ဘုရင်” လို့ အမည်ပေးထားတဲ့ သရုပ်ဆောင်ရဲ့ အကြီးဆုံးသားဖြစ်သူ အသက် ၂၃ နှစ်အရွယ် အာရန်ဟာ မွန်ဘိုင်းမှ ဂိုအာသို့ ရွက်လွှင့်မည့် သင်္ဘောတစ်စင်းကို မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရိုက ဝင်ရောက်စီးနင်းပြီးနောက် အခြား ၁၉ ဦးနှင့်အတူ ယခင်လအစောပိုင်းတွင် ဖမ်းဆီးခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။

ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ စတုတ္ထကြားနာမှုမှာတော့ ဘုံဘေတရားရုံးမှာ အာရန်ခန်းနဲ့အတူ အခြားသောဖမ်းဆီးခံရတဲ့ သူငယ်ချင်းနှစ်ယောက်ကိုပါ အာမခံပေးခဲ့ခြင်းဖြစ်ပါတယ်။အာရန်ခန်းပါဝင်တဲ့ မူးယစ်ဆေးဝါးအမှုဟာ အိန္ဒိယတစ်နိုင်ငံလုံးရဲ့ ခေါင်းကြီးပိုင်းတွေမှာ ဖော်ပြခြင်းခံခဲ့ရပြီး သတင်းစားတွေရဲ့ရှေ့စာမျက်နှာနဲ့ သတင်းချန်နယ်တွေမှာ အဆက်မပြတ်နေရာယူခဲ့တာပါ။ အာရန်ခန်းဖမ်းဆီးခံရပြီးနောက် အာမခံအလွယ်တကူမရရှိခဲ့တာဟာ ဟိန္ဒူအမျိုးသားရေးဝါဒီပါတီက အုပ်ချုပ်သောနိုင်ငံတွင် ဘာသာရေးဖိနှိပ်မှုရဲ့ သားကောင်ဖြစ်ခဲ့ခြင်းကြောင့် ဖြစ်တယ်လို့လည်း အချို့ကဆိုထားကြပါတယ်။

အမှုကို စုံစမ်းစစ်ဆေးနေတဲ့ အရာရှိ ဆာမာ ဝမ်ခါဒီကတော့မူးယစ်ဆေးဝါး ဗျူရိုအတွင်း စုံစမ်းစစ်ဆေးနေပြီး အမှုနဲ့ ဆက်နွယ်တဲ့ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ငွေညှစ်မှုတွေနဲ့ ပတ်သက်ပြီး မွန်ဘိုင်းရဲတပ်ဖွဲ့က နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်လို့ ပြောထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here