ဖေ့ဘုတ်တည်ထောင်သူ မက်ခ်ဇူကာဘတ်နဲ့ဇနီးဖြစ်သူတို့ကို အိမ်တွင်လုပ်ကိုင်ခဲ့သော ဝန်ထမ်းဟောင်းများမှ တရားစွဲ

137

ဖေ့ဘုတ်တည်ထောင်သူ မက်ခ်ဇူကာဘက်နဲ့ ဇနီးဖြစ်သူပရီစီလာချန်းတို့ရဲ့ အိမ်တွင်လုပ်ကိုင်ခဲ့သော ဝန်ထမ်းဟောင်းနှစ်ဦးမှ ဘီလျံနာစုံတွဲနဲ့၎င်းတို့ပိုင်ဆိုင်သောကော်ပိုရိတ်အဖွဲ့အစည်းများကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခြင်းနဲ့ခွဲခြားဆက်ဆံခဲ့ရတဲ့ ဝန်ထမ်းများအတွက် တာဝန်ရှိသည်ဟုဆိုက တရားစွဲဆိုခံလိုက်ရခြင်းပဲဖြစ်ပါတယ်။ တရားစွဲဆိုခံရတဲ့ မက်ခ်ဇူကာဘတ်နဲ့ ဇနီး ချန်တို့ဟာ ဝန်ထမ်းများကို လုပ်ခလစာများပေးအပ်ရန်ပျက်ကွက်ခြင်းနဲ့အခြားသောစွပ်စွဲချက်များကိုပါ ဝန်ထမ်းဟောင်းများက စွပ်စွဲချက်တင်ခဲ့တာလို့သိရပါတယ်။

တရားလိုများကတော့ မီယာကင်းနဲ့ ဂျွန်ဒိုးဟု အမည်လွှဲထားသော နာမည်မဖော်လိုသူနှစ်ဦးပဲဖြစ်ကြပါတယ်။ ၎င်းတို့နှစ်ဦးရဲ့ တရားစွဲဆိုမှုတွင် ဖေ့ဘုတ်ပါဝင်ခြင်းမရှိပါဘူး။

စွဲချက်တင်လိုသော အကြောင်းအရာများဟာ လွန်ခဲ့သော နှစ်နှစ်က ဖြစ်ပွားခဲ့တဲ့ ကိစ္စများဖြစ်ကာ ဆန်ဖရန်စ္စကိုတရားရုံးတွင် စွဲချက်တင်ထားလျက်ရှိပါတယ်။ အမှုနဲ့ပတ်သတ်ပြီး မက်ခ်ဇူကာဘက်နဲ့ဇနီး ချန်းတို့ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဘန်လေဘော့ကတော့ စွပ်စွဲချက်များကို ရက်သတ္တပတ်များစွာကြာအောင်စုံစမ်းစစ်ဆေးပြီးပေမယ့် ထိုစွပ်စွဲချက်များကို ခိုင်လုံအောင်သက်သေမပြနိုင်ပါဘူး လို့ အီးမေလ် ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး မိသားစုရုံးမှလည်း လုပ်ငန်းခွင်အတွင်းအကျင့်ပျက်ခြစားမှုဆိုင်ရာ တိုင်ကြားချက်များကို အလွန်လေးနက်ထားပြီး ဆောလျင်စွာ စစ်ဆေးကြောင်း ပြောကြားပါတယ်။စာမျက်နှာ ၂၉မျက်နှာပါ တိုင်ကြားချက်တွင်တော့ ကင်းလို့ အမည်လွှဲထားတဲ့ အမျိုးသမီးဟာ သူမရဲ့ ရင်သားနဲ့ပတ်သတ်ပြီး မသင့်လျော်သော အခေါ်အဝေါ်များ သုံးစွဲခေါ်ခံခဲ့ရသလို နှိမ့်ချတဲ့ မှတ်ချက်ပေါင်းများစွာလည်း ကြားခဲ့ရကြောင်း တိုင်ကြားထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here