ဖေဖေ့ဆီကိုသွားမယ်ဆိုပြီး ပစ္စည်းတွေကိုအိတ်ထဲထည့်နေတဲ့ သားငယ်လေးရဲ့ပုံလေးကိုကြည့်ပြီး စိတ်မကောင်းစွာနဲ့ရေးသားလာတဲ့ မင်းမော်ကွန်းရဲ့စာလေး

202

ပရိတ်သတ်ကြီးရေ…ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသားချောမင်းမော်ကွန်းဟာဆိုရင် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ကျရာဇာတ်ရုပ်တိုင်းပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်တဲ့အတွက် အကယ်ဒမီထူးချွန်ဆုကြီးကိုထိုက်ထိုက်တန်တန်ရရှထားတာပဲဖြစ်ပါတယ်နော်။

မင်းမော်ကွန်းက လတ်တလောဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူလှုထုနဲ့အတူ ထိပ်ဆုံးကနေပါဝင်ခဲ့တဲ့သူတစ်ဦးပဲဖြစ်ပါတယ်။မင်းမော်ကွန်းက လူထုလှုပ်ရှားမှုတွေမှာ အောင်မြင်မှုတွေကို ဘေးချိတ်ပြီး လူငယ်တွေရဲ့ အနာဂတ် အိမ်မက်တွေ မပျောက်အောင် တာဝန်သိ ပြည်သူတစ်ယောက်အနဲ့ စိတ်အားထက်သန်စွာပါဝင်ခဲ့ပါတယ်။

ဖေဖော်ဝါရီလအစပိုင်းကတည်းက လမ်းမပေါ်ထွက်ထွက်ပြီး ပြည်သူလူနဲ့အတူ အမှန်တရားအတွက်တိုင်ပွဲဝင်ခဲ့တာဖြစ်ပါတယ်နော်။အဲ့ဒီလိုပါဝင်ခဲ့တဲ့အတွက်လည်း ပုဒ်မ ၅၀၅(က)နဲ့အမှုဖွင့် ဝရမ်းထုတ်ခံထားရတာပဲဖြစ်ပါတယ်။ဒါကြောင့်လည်း သူ့အနေနဲ့ ခြိမ်းခြောက်ခံရမှုတွေ ရှိနေတာကြောင့် ခုဆို မိသားစုနဲ့ ခွဲခွာကာ တိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။

ဒီလို တိမ်းရှောင်နေရတဲ့ အချိန်တွေမှာတောင် သူ့ရဲ့လူမှုကွန်ယက်ကနေပြီး သတင်းအချက်အလက်တွေနဲ့အတူ ပြည်သူတွေ ခွန်အားဖြစ်စေမယ့် စာလေးတွေကို ဝေမျှပေးနေဆဲပါ။ဒီကနေ့မှာဆိုရင်လည်း မင်းမော်ကွန်းရဲ့သားအငယ်ဆုံးလေးက အဖေဖြစ်သူနဲ့ခွဲခွါနေရတာကြာလာပြီဖြစ်တဲံအတွက် အဖေကိုအရမ်းလွမ်းတဲ့စိတ်နဲ့ အဖေရှိတဲ့နေရာကို လိုက်မယ်ဆိုပြီး ပြင်ဆင်နေတဲ့ သားလေးကိုကြည့်ပြီး ဝမ်းနည်းစိတ်မကောင်းဖြစ်နေရတဲ့အကြောင်းကို အခုလိုပဲပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်

မင်းမော်ကွန်းက “အဖေဆီသွားချင်လို့သူ့ဟာသူပစ္စည်းတွေထည့်ထားတယ်တဲ့လေခဏစောင့်ပါဦးသားရယ်အဖေကိုယ်တိုင်တောင်ခုထိဟိုပြေးဒီလွှားနဲ့အတည်တကျမရှိသေးတာကျောပိုးအိပ်တစ်လုံးနဲ့ကျောတစ်ခင်းစာနေရာကလွဲပြီးတနင့်တပိုးမျှော်လင့်ချက်တွေကလွဲပြီးတစ်စစီလိုက်ပြန်ကောက်နေရတဲ့ယုံကြည်ချက်တချို့တလေကလွဲပြီးအရင်းအနှီးကြီးလွန်းတဲ့လိပ်ပြာသန့်သန့်တစ်စုံကလွဲပြီးချစ်ခြင်းမေတ္တာနဲ့သတိရခြင်းတွေကလွဲပြီးခုချိန်ထိလမ်းပျောက်နေရုံကလွဲပြီးအဖေ့ဆီမှာဘာမှမရှိလို့ငါ့သားအတွက်ဘာတစ်ခုမှမတတ်နိုင်သေးတာအဖေ့ကိုခွင့်လွှတ်ပါ” ဆိုပြီး သူ့ရဲ့လူမှုကွန်ယင်စာမျက်နှာကနေတစ်တင့် စိတ်မကောင်းစွာပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်…။ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါတယ်..။

LEAVE A REPLY

Please enter your comment!
Please enter your name here