မအလ လက်အောက်ခံ ပြည်သူ့စစ် စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

446

ဌာနေပြည်သူ့စစ်စခန်းကို KIA ပစ်ခတ်တိုက်ခိုက်

••••••••••••••••••

ဟူးကောင်းချိုင့်ဝှမ်း လီဒိုလမ်းမကြီးရှိ ဝါရာဇွပ် ကျေးရွာ အုပ်စု စံပြကျေးရွာ အစွန်ပိုင်းတွင် ရှိသည့် ဌာနေပြည်သူ့စစ်စခန်းကို KIA တပ်ဖွဲ့ မှ ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

၎င်းတပ်စခန်းသည် ခလရ ၂၉၇ တပ်ရင်း လက်အောက်ခံမှ ဖြစ်ပြီး KIA တပ်မဟာ ၂ တပ်ရင်း ၁၄ တို့နှင့် တိုက်ပွဲ ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

” ဒီမနက် ၂ နာရီခွဲလောက်ကနေ သေနတ်သံတွေကြားရတယ် လက်နက်ကြီး အသံ တွေလည်း ပါတယ် မနက် ၅ နာရီအချိန်လောက်မှ ငြိမ်သွားကြတာ” ဟု စံပြကျေးရွာသား တစ်ဦးက ပြောသည်။

စံပြ ပြည်သူ့စစ်စခန်း အား နံနက် 3:00 AMအကျော်တွင် ဝင်ရောက် တိုက်ခိုက် သောကြောင့် ပြည်သူ့စစ် တို့ အသေအပျောက်များကာ မသေပဲ ကျန်ခဲ့သူ များလည်းစခန်းကို စွန့်ခွာ ထွက်ပြေးသွားကြသည်။

ပြည်သူ့စစ်တို့ သည် စစ်အုပ်စု တို့မှ အပြည့်အဝ အင်အား ထောက်ပံ့ ထားသော အဖွဲ့များ ဖြစ်ကြပြီး မူးယစ်ဆေးဝါး ကို အဓိကရောင်းဝယ် ဖောက်ကား ကာ စစ်ဖြစ်လာပါက စစ်အုပ်စု တို့်နှင့် အတူ ပူးပေါင်းပြီးတော်လှန်ရေး တပ်ဖွဲ့ များကို တိုက်ခိုက်နေ ကြအဖွဲ့ ဖြစ်ပြီး အများအားဖြင့် လူမျိုးစု နာမည် ကို အသုံးချ ၍ သူလျို ဒလံ လုပ်ပြီးစစ်အုပ်စု ကို အလုပ်အကျွေးပြု နေသောအဖွဲ့ များ ဖြစ်သည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ရွာအတွင်းသို့ ကျည်၊လက်နက်ကြီးများ ၊ကျရောက်ပေါက်ကွဲ ခြင်းမရှိခဲ့ကြောင်းလည်း ဒေသခံများမှ သိရသည်။

ဌာနေပြည်သူ့စစ်စခန်းသည် ယခင်က ရှဒူးဇွပ် ကျေးရွာတွင်ရှိပြီး ၂၀၁၉ ခုနှစ် တွင် စံပြကျေးရွာသို့ ပြောင်းရွှေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Credit

LEAVE A REPLY

Please enter your comment!
Please enter your name here