ေနရာက်ဥ္းက်ဥ္းေလးထဲ မရမက ေဆာက္ထားတဲ့ အိမ္ေလးကို ထုတ္ႂကြားလိုက္တဲ့ အမ်ိဳးသမီး

349

အိမ္ေသးေသး၊ အခန္းက်ဥ္းက်ဥ္းကေလးေတြက ခုေခတ္မွာေတာ့ ေရပန္းစားလာတယ္လို႔ ဆိုလို႔ရပါတယ္။ ေနမယ့္ အိမ္က ႀကီးမွ က်ယ္မွ ျဖစ္မယ္ဆိုတဲ့ အရင္က အေတြးေဟာင္းေတြကို ခုေခတ္လူေတြ သိပ္အေလးမထားေတာ့ပါဘူး။ ေငြေရးေၾကးေရးက အဓိကမဟုတ္ပါဘူးလို႔ ဆိုႏိုင္သူေတြအဖို႔ အိမ္ႀကီးအိမ္ေကာင္းေတြ ဝယ္တာက ျပႆနာမရွိေပမယ့္ သာမန္လူတန္းစားေတြအဖို႔ေတာ့ အိမ္ေနရာ က်ဥ္းတာ၊ က်ယ္တာကို အမ်ားႀကီးေ႐ြးခ်ယ္လို႔ မရပါဘူး။

ဥပမာဆိုရရင္ ဒီအမ်ိဳးသမီးလိုေပါ့။ ဓာတ္ပုံမွာ ေတြ႕ရတဲ့ အမ်ိဳးသမီးက အိမ္ေသးေသးေလး တစ္လုံးမွာ ေနတာပါ။ အိမ္ကေလးက သူမကိုယ္တိုင္ ေဆာက္ထားတဲ့ ခပ္က်ဥ္းက်ဥ္း ရွည္ရွည္ အိမ္ကေလးပဲ ျဖစ္ပါတယ္။ အိမ္ကေလးဟာ ဗီယက္နမ္ႏိုင္ငံမွာ ရွိတယ္လို႔ သိ႐ုံကလြဲလို႔ အိမ္ပိုင္ရွင္အေၾကာင္းေတာ့ ေသခ်ာမသိရပါဘူး။

အိမ္ကေလးဟာ အျခားအိမ္ေသးေတြနဲ႔ ဒီဇိုင္းကြာျခားၿပီး ေသတၱာပုံသ႑ာန္ရွိပါတယ္။ ေတြ႕ရသေလာက္ေတာ့ အိမ္ေပါက္ဝမွာ လူတစ္ေယာက္စာပဲ အဝင္အထြက္လုပ္လို႔ရဟန္ တူပါတယ္။

အတြင္းမွာေတာ့ မဆိုးဘူး ဆိုရမလိုပါ။ အထဲမွာ မထင္မွတ္ထားေလာက္ေအာင္ က်ယ္က်ယ္ဝန္းဝန္း ရွိေနတာကို ေတြ႕ရၿပီး အိမ္ေလးမွာ ဒုတိယထပ္ေလးေတာင္ ပါေသးတာကိုလည္း အခုလို ေတြ႕ရမွာပါ။

အိမ္ေလးရဲ႕ ထူးျခားတဲ့ ဒီဇိုင္းေၾကာင့္ ဆိုရွယ္မီဒီယာေပၚမွာေတာ့ ေဝဖန္မႈေတြ အမ်ိဳးမ်ိဳးပါပဲ။ အခ်ိဳ႕ေတြက သီးသန႔္ဆန္လြန္းတဲ့ အိမ္ေလးကို သေဘာက်ၾကၿပီး အခ်ိဳ႕ကလည္း ဒီေလာက္ က်ဥ္းတဲ့ ေနရာေလးမွာ ဘယ္လိုမ်ား အသက္ရွဴေခ်ာင္ပါ့မလဲလို႔ ေတြးေနသူေတြလည္း ရွိပါတယ္။

Unicode

အိမ်သေးသေး၊ အခန်းကျဉ်းကျဉ်းကလေးတွေက ခုခေတ်မှာတော့ ရေပန်းစားလာတယ်လို့ ဆိုလို့ရပါတယ်။ နေမယ့် အိမ်က ကြီးမှ ကျယ်မှ ဖြစ်မယ်ဆိုတဲ့ အရင်က အတွေးဟောင်းတွေကို ခုခေတ်လူတွေ သိပ်အလေးမထားတော့ပါဘူး။ ငွေရေးကြေးရေးက အဓိကမဟုတ်ပါဘူးလို့ ဆိုနိုင်သူတွေအဖို့ အိမ်ကြီးအိမ်ကောင်းတွေ ဝယ်တာက ပြဿနာမရှိပေမယ့် သာမန်လူတန်းစားတွေအဖို့တော့ အိမ်နေရာ ကျဉ်းတာ၊ ကျယ်တာကို အများကြီးရွေးချယ်လို့ မရပါဘူး။

ဥပမာဆိုရရင် ဒီအမျိုးသမီးလိုပေါ့။ ဓာတ်ပုံမှာ တွေ့ရတဲ့ အမျိုးသမီးက အိမ်သေးသေးလေး တစ်လုံးမှာ နေတာပါ။ အိမ်ကလေးက သူမကိုယ်တိုင် ဆောက်ထားတဲ့ ခပ်ကျဉ်းကျဉ်း ရှည်ရှည် အိမ်ကလေးပဲ ဖြစ်ပါတယ်။ အိမ်ကလေးဟာ ဗီယက်နမ်နိုင်ငံမှာ ရှိတယ်လို့ သိရုံကလွဲလို့ အိမ်ပိုင်ရှင်အကြောင်းတော့ သေချာမသိရပါဘူး။

အိမ်ကလေးဟာ အခြားအိမ်သေးတွေနဲ့ ဒီဇိုင်းကွာခြားပြီး သေတ္တာပုံသဏ္ဍာန်ရှိပါတယ်။ တွေ့ရသလောက်တော့ အိမ်ပေါက်ဝမှာ လူတစ်ယောက်စာပဲ အဝင်အထွက်လုပ်လို့ရဟန် တူပါတယ်။

အတွင်းမှာတော့ မဆိုးဘူး ဆိုရမလိုပါ။ အထဲမှာ မထင်မှတ်ထားလောက်အောင် ကျယ်ကျယ်ဝန်းဝန်း ရှိနေတာကို တွေ့ရပြီး အိမ်လေးမှာ ဒုတိယထပ်လေးတောင် ပါသေးတာကိုလည်း အခုလို တွေ့ရမှာပါ။

အိမ်လေးရဲ့ ထူးခြားတဲ့ ဒီဇိုင်းကြောင့် ဆိုရှယ်မီဒီယာပေါ်မှာတော့ ဝေဖန်မှုတွေ အမျိုးမျိုးပါပဲ။ အချို့တွေက သီးသန့်ဆန်လွန်းတဲ့ အိမ်လေးကို သဘောကျကြပြီး အချို့ကလည်း ဒီလောက် ကျဉ်းတဲ့ နေရာလေးမှာ ဘယ်လိုများ အသက်ရှူချောင်ပါ့မလဲလို့ တွေးနေသူတွေလည်း ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here