ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘာဝဘေးအမှုအတွက် ဦးဝင်းထိန် သက်သေထွက်ဆိုပေးရန်ရှိကြောင်း သတင်းများထွက်ပေါ်

65

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်ထားသည့် သဘာဝဘေးအမှုနဲ့စပ်လျဉ်းပြီး NLD နာယကတစ်ဦးဖြစ်သူ ဦးဝင်းထိန်က သက်သေထွက်ဆိုပေးရှိတယ်လို့ သတင်းများထွက်ပေါ်လျက်ရှိပါတယ်။

အပတ်စဉ် တနင်္လာနေ့နဲ့ အင်္ဂါနေ့တို့မှာ ပြုလုပ်သည့် ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ကို ကြားနာစစ်ဆေးမှုများ ပြုလုပ်လျက်ရှိတာဖြစ်ပါတယ်။

ထိုရုံးချိန်းများမှာ ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၅၀၅(ခ)အပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မတို့ဖြင့် စွဲချက်တင်ခံထားရတာပါ။

ထိုသို့စွဲချက်တင်ခံထားရသည့် အမှုများအနက် သဘာဝဘေးအမှုနဲ့စပ်လျဉ်းပြီး ဒေါ်အောင်ဆန်းစုကြည်ဘက် NLD ရဲ့ နာယကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်က သက်သေထွက်ဆိုပေးဖို့ရှိတယ်လို့ တရားရုံးနဲ့နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရပါတယ်။

ဦးဝင်းထိန်ကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ရက်နေ့က နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒေပုဒ်မ ၁၂၄(က)ဖြင့် နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးက ထောင်ဒဏ် ၂၀နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here