ဒေါ်အောင်ဆန်းစုကြည်ကို ဦးဖြိုးမင်းသိန်း လာဘ်ပေးခဲ့တယ်ဆိုတာတွေ တရားခွင်မှာ သက်သေမတင်ပြနိုင်

101

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိလိုက်စားမှု အမှုလေးမှုကို မနေ့က နေပြည်တော် အထူးတရားရုံးမှာ ဆက်လက် စစ်ဆေးခဲ့ရာမှာ တရားလိုနဲ့ တရားလိုပြ သက်သေ ဦးဖြိုးမင်းသိန်းတို့ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင်တွေဘက်က အပြန်အလှန် စစ်မေးခဲ့ကြပါတယ်။

စစ်မေးမှုတွေအရ ဒေါ်အောင်ဆန်းစုကြည်ကိုရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့အကယ်ဒမီ အ ခေါက်ရွှေ ၇ ပိဿာ ပေးခဲ့တယ်ဆိုတာ မပေါ် ပေါက်ဘူးလို့ ကိုယ်တိုင်စစ်မေးခဲ့သူ ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

ပေးခဲ့တယ်ဆိုတဲ့ ဒေါ်လာငွေနဲ့ ပစ္စည်းတွေကို ရှာဖွေတာလည်းမရှိ၊သက်သေခံအဖြစ် ပြသတာလည်းမရှိဘူးလို့ သူကပြောပါတယ်။

အဂတိလိုက်စားမှု ဆိုင်ရာ ဥပဒေအရ အဂတိ လိုက်စားတယ်လို့ ကျော်ဇောသူကို စစ်ဆေးတာဖြစ်ပြီး တိုင်ကြားစာကို အခြေခံလို့ စုံစမ်းစစ်ဆေးရမှာ ဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည် အဂတိ လိုက်စားတယ်ဆိုပြီး ဘယ်လို တိုင်ကြားမှုမျိုးမှ မရှိဘူးလို့ ရှေ့နေကြီး ဦးကြည်ဝင်းက ပြောပါတယ်။ဒီကနေ့ တစ်နေကုန် အဂတိလိုက်စားမှု ဆိုင်ရာအမှုတွေကို စစ်ဆေးခဲ့ပြီး နောက်တစ်ပတ် အောက် တိုဘာ ၁၅ ရက်ကို ထပ်မံ ချိန်းဆိုထားတယ်လို့ ဦးကြည်ဝင်းက ပြောပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here