ဒေါက်တာသက်သက်ခိုင်၏ ​နေပြည်​တော်အစည်းအ​ဝေး INGO များက မတက်​ရောက်ဟု ​ကြေညာချက်များထုတ်ပြန်

273

ဒေါက်တာသက်သက်ခိုင်၏ ​နေပြည်​တော်အစည်းအ​ဝေး INGO များက မတက်​ရောက်ဟု ​ကြေညာချက်များထုတ်ပြန်

ရန်ကုန်၊မတ် ၉

ဒေါက်တာသက်သက်ခိုင်ဝန်ကြီးအဖြစ်​ဆောင်ရွက်​သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများအကြား လုပ်ငန်းများပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် လက်မှတ်ရေးထိုးရန် ဆောင်ရွက်လျက်ရှိသည့်နားလည်မှုစာချွန်လွှာ များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲကို INGO များက တက်​ရောက်ခြင်းမရှိ​ကြောင်း INGO များဘက်က ကြေညာချက်များထုတ်ပြန်​နေကြသည်။

သို့ရာတွင် လူကယ်ပြန်ဝန်ကြီးဌာန၏ သတင်းထုန်ပြန်ချက်တွင် People In Need ၊ Trocaire ၊ Child Fund Myanmar ၊ Christian Aid နှင့် Mercy Corps (Myanmar) အဖွဲ့များက အစည်းအ​ဝေး တက်​ရောက်သ​ယောင်သ​ဘောမျိုး နားလည်မှုလွဲမှားနိုင်​သော အရေးအသားဖြစ်​နေ၍ INGO များဘက်က ​ကြေညာချက်များထွက်​ပေါ်လာခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here