ေထာင္ထဲေရာက္ေနတာေတာင္ အျပင္ကသူငယ္ခ်င္းေတြအတြက္ စိတ္ပူေပးၿပီး ဂ႐ုစိုက္ဖို႔မွာၾကားလိုက္တဲ့ေက်ာင္းသားေလးရဲ႕စာတစ္ေစာင္

117

Generation Zေတြကေတာ့ အခက္အခဲေပါင္းစုံကို တစ္လၿပီးတစ္လ ရင္ဆိုင္ေက်ာ္ျဖတ္လာၾကၿပီး ဒီေန႕အခ်ိန္ထိလည္း စိတ္ဓာတ္အားမာန္အျပည့္ရွိေနၾကဆဲျဖစ္ပါတယ္။ေနာင္လာမယ့္မ်ိဳးဆက္သစ္ကေလးငယ္ေလးေတြရဲ႕အနာဂတ္လွပဖို႔အတြက္ လူငယ္ေတြကပဲ အနစ္နာခံၿပီး ေရွ႕ဆုံးကေနႀကိဳးစားေပးေနၾကတာျဖစ္ပါတယ္။

လက္ရွိအေျခအေနမွာဆိုရင္ေတာ့ ျပည္သူတိုင္းနီးပါးက ကိုယ္နိုင္တဲ့တာဝန္ကို ထမ္းေဆာင္ၿပီး တစ္ေထာင့္တစ္ေနရာကေန အားတက္သေရာ ပါဝင္အားျဖည့္ေပးေနၾကတာျဖစ္ပါတယ္။က်ဆဳံးသူရဲေကာင္းေတြလည္း အေယာက္(၈၀၀)ေက်ာ္ေနၿပီျဖစ္သလို ဖမ္းဆီးခံရတဲ့ျပည္သူေတြလည္း တစ္ေန႕ထက္တစ္ေန႕ ပိုပိုမ်ားျပားလာတာျဖစ္ပါတယ္။

တခ်ိဳ႕ေက်ာင္းသားလူငယ္ေလးေတြဆိုရင္ ေထာင္ထဲမွာေနရတာေတာင္ စိတ္ဓာတ္ႀကံ့ခိုင္ၾကၿပီး သံတိုင္ေတြေနာက္မွာပဲ အခ်င္းခ်င္းေဖးမကူညီေနၾကတာျဖစ္ပါတယ္။အမ်ားအက်ိဳးအတြက္ အနစ္နာခံရင္ဆိုင္ရင္း ဖမ္းဆီးခံလိုက္ရတဲ့သူရဲေကာင္းေတြကို ျပည္သူလူထုကလည္း တတ္နိုင္တဲ့ဘက္ကေန Speak Out လုပ္ေပးေနၾကတာျဖစ္ပါတယ္။

အခုဆိုရင္ေတာ့ ေထာင္ထဲေရာက္ေနတဲ့လူငယ္ေလးတစ္ေယာက္က” အစစအရာရာ သြားသတိ၊လာသတိရွိၾကပါေက်ာင္းကထိန္းသိမ္းခံေက်ာင္းသားေတြကလည္း ဒီထဲမွာ စိတ္ဓာတ္မက်ေအာင္၊က်န္းမာေရးခ်ိဳ႕ယြင္းမႈမရွိေအာင္ အစစအရာရာ ဂ႐ုစိုက္ေန ေနၾကပါတယ္။ကြၽန္ေတာ္တို႔လုပ္ေပးနိုင္တာ အခုခ်ိန္မွာ ဒါပဲရွိတဲ့အတြက္ မ်ားစြာစိတ္မေကာင္းျဖစ္ရပါတယ္။COVID-19 (Third wave)ျပန္စေနၿပီၾကားတယ္၊ အစစအရာရာဂ႐ုစိုက္ၾကပါ”ဆိုၿပီး စီနီယာ၊ဂ်ဴနီယာေတြနဲ႕ ဆရာမေတြဆီကို စာေရးလိုက္တာျဖစ္ပါတယ္။

ဖမ္းဆီးခံလိုက္ရတဲ့ လူငယ္ေလးကေတာ့ေထာင္ထဲကေနေတာင္ အျပင္ကသူေတြအႏၲရာယ္ကင္းဖို႔အတြက္ ဂ႐ုစိုက္ေပးေနတဲ့အေၾကာင္းေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Unicode

ထောင်ထဲရောက်နေတာတောင် အပြင်ကသူငယ်ချင်းတွေအတွက် စိတ်ပူပေးပြီး ဂရုစိုက်ဖို့မှာကြားလိုက်တဲ့ကျောင်းသားလေးရဲ့စာတစ်စောင်

Generation Zတွေကတော့ အခက်အခဲပေါင်းစုံကို တစ်လပြီးတစ်လ ရင်ဆိုင်ကျော်ဖြတ်လာကြပြီး ဒီနေ့အချိန်ထိလည်း စိတ်ဓာတ်အားမာန်အပြည့်ရှိနေကြဆဲဖြစ်ပါတယ်။နောင်လာမယ့်မျိုးဆက်သစ်ကလေးငယ်လေးတွေရဲ့အနာဂတ်လှပဖို့အတွက် လူငယ်တွေကပဲ အနစ်နာခံပြီး ရှေ့ဆုံးကနေကြိုးစားပေးနေကြတာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာဆိုရင်တော့ ပြည်သူတိုင်းနီးပါးက ကိုယ်နိုင်တဲ့တာဝန်ကို ထမ်းဆောင်ပြီး တစ်ထောင့်တစ်နေရာကနေ အားတက်သရော ပါဝင်အားဖြည့်ပေးနေကြတာဖြစ်ပါတယ်။ကျဆုံးသူရဲကောင်းတွေလည်း အယောက်(၈၀၀)ကျော်နေပြီဖြစ်သလို ဖမ်းဆီးခံရတဲ့ပြည်သူတွေလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုများပြားလာတာဖြစ်ပါတယ်။

တချို့ကျောင်းသားလူငယ်လေးတွေဆိုရင် ထောင်ထဲမှာနေရတာတောင် စိတ်ဓာတ်ကြံ့ခိုင်ကြပြီး သံတိုင်တွေနောက်မှာပဲ အချင်းချင်းဖေးမကူညီနေကြတာဖြစ်ပါတယ်။အများအကျိုးအတွက် အနစ်နာခံရင်ဆိုင်ရင်း ဖမ်းဆီးခံလိုက်ရတဲ့သူရဲကောင်းတွေကို ပြည်သူလူထုကလည်း တတ်နိုင်တဲ့ဘက်ကနေ Speak Out လုပ်ပေးနေကြတာဖြစ်ပါတယ်။

အခုဆိုရင်တော့ ထောင်ထဲရောက်နေတဲ့လူငယ်လေးတစ်ယောက်က” အစစအရာရာ သွားသတိ၊လာသတိရှိကြပါကျောင်းကထိန်းသိမ်းခံကျောင်းသားတွေကလည်း ဒီထဲမှာ စိတ်ဓာတ်မကျအောင်၊ကျန်းမာရေးချို့ယွင်းမှုမရှိအောင် အစစအရာရာ ဂရုစိုက်နေ နေကြပါတယ်။ကျွန်တော်တို့လုပ်ပေးနိုင်တာ အခုချိန်မှာ ဒါပဲရှိတဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်။COVID-19 (Third wave)ပြန်စနေပြီကြားတယ်၊ အစစအရာရာဂရုစိုက်ကြပါ”ဆိုပြီး စီနီယာ၊ဂျူနီယာတွေနဲ့ ဆရာမတွေဆီကို စာရေးလိုက်တာဖြစ်ပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်လေးကတော့ထောင်ထဲကနေတောင် အပြင်ကသူတွေအန္တရာယ်ကင်းဖို့အတွက် ဂရုစိုက်ပေးနေတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here