တော်လှန်ရေးတွင် အစပိုင်းက ပါဝင်ခဲ့သော်လည်း အခုချိန်ထိ ဝရမ်းထုတ်မခံရသေးတဲ့ အနုပညာရှင်သုံးယောက်

11624

ပရိသတ်ကြီးရေ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ နေတိုးနဲ့ နေခြည်ဦးတို့ကတော့ မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေအဖြစ် ရပ်တည်နေကြသူတွေပါနော်။ သူတို့ရဲ့ Page တွေဟာလည်း Followers သိန်းနဲ့ ချီပြီး ရှိကြတာကိုလည်း အားလုံးအသိပါပဲနော်။

သူတို့တွေဟာ မြန်မာနိုင်ငံရဲ့ လက်ရှိတော်လှန်ရေးမှာ အစပိုင်းက မပါဝင်ခဲ့သော်လည်း ပရိသတ်တွေရဲ့ Social Punishment လုပ်မှုတွေကြောင့် ခဏတာ ပါဝင်လှုပ်ရှားခဲ့ပါသေးတယ်။ ဒီအနုပညာရှင်သုံးယောက်ဟာ သူတို့ရဲ့Page များတွင် နွေဦးတော်လှန်ရေးအကြောင်း ရံဖန်ရံခါမှသာ တင်လေ့ရှိကြတာပါနော်။အခုချိန်မှာတော့ အနုပညာရှင်များနဲ့ ဂီတလောကမှ အဆိုတော် တော်တော်များများဟာ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရပါပြီ။

အနုပညာရှင်များနဲ့ အတူ ပြည်သူတစ်ချို့လည်း ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရကြောင်း သတင်းများတွင် ကြေငြာခဲ့သော်လည်း သူတို့သုံးယောက်လုံးမှာ အခုချိန်ထိတော့ ဝရမ်းထုတ်ခံခြင်း မရှိသေးပါဘူးနော်။ အနုပညာရှင်တစ်ချို့ထဲတွင် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ မခံချင်တာကြောင့် တော်လှန်ရေးတွင် ဟန်ပြလုပ်ခဲ့ကြသူများလည်း ရှိပါသေးတယ် ပရိသတ်ကြီးရေ….

LEAVE A REPLY

Please enter your comment!
Please enter your name here