ဇော်မင်းထွန်းကို အရှက်ကွဲစေတဲ့ မေးခွန်းထုတ်လိုက်တဲ့ CNN သတင်းထောက်

238

CNN International မှာ ထုတ်လွှင့်သွားတဲ့ မြန်မာပြည်အကြောင်းသတင်းပေးပို့ချက်မှာ သဘောအကျဆုံးအပိုင်းကို ပြောရရင် ကလယ်ရီဆာဝပ်ဒ်က ဇော်မဲလုံးကို အင်တာဗျူးတဲ့ အပိုင်းပဲ။

ကလယ်ရီဆာက

“ဈေးထဲမှာ လူတွေအများကြီးက ငါတို့ကို ချဉ်းကပ်လာတယ်…သူတို့ဘက်က ပြောစရာရှိတာ ပြောချင်တာတွေ ငါတို့ကိုပြောဖို့ပေါ့…​နောက်ပိုင်းမှာ ကြားရတာက အနည်းဆုံး လူငါးဦးလောက် အဖမ်းခံရတယ်…ဒါဟာ မှန်ကန်မှုရှိတယ်ဆိုတာ အတည်ပြုပြီးပြီ…ငါတို့မှာ ဓာတ်ပုံမှတ်တမ်းတွေလည်းရှိတယ်…”

“…ငါတို့ကို စကားပြောရုံနဲ့ ဒီလူတွေကို ဘာလို့ဖမ်းဆီးရတာလည်း ရှင်းပြလို့ ရမလား…သူတို့က ဘယ်လို ရာဇဝတ်မှုမျိုး ကျူးလွန်ခဲ့တာလဲ”

ဒီနေရာမှာ ဇော်မဲလုံးခမျာ ကလယ်ရီဆာကို မျက်လုံးချင်း မဆိုင်ရဲတော့ဘဲ အကြည့်ကို တစ်ဘက်သို့လွှဲကာ (၄:၅၃ တွင်ကြည့်) မျက်နှာကို ဘယ်ဘက်လက်ဖြင့်အုပ်ပြီး (၄:၅၄ တွင်ကြည့်) သူ့ထုံးစံအတိုင်း အဆီအငေါ်မတည့် ပြန်ဖြေတာကို သနားစဖွယ် တွေ့ရပါလေရောလား။

ကျွန်တော်ကတော့ အထက်တန်းကျောင်းသားဘဝ မြန်မာစကားပြေစာအုပ်ထဲမှာပါတဲ့ ဆရာ သော်တာဆွေရဲ့ ‘မှန်ကန်ခြင်းနှင့်ရဲရင့်ခြင်း’ စာတမ်းငယ်ကိုသာ သတိရနေမိတော့တယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here