ကျောင်းဆရာမ အလုပ်ကထွက်ပြီး ခိုကိုးရာမဲ့ ဘိုးဘွားတွေအတွက် ဂေဟာထောင်ပြီး ပြုစုပေးတဲ့ မိန်းမချောလေး

168

မရှိဆင်းရဲသားတွေနဲ့ ခိုကိုးရာမဲ့နေတဲ့အဘိုးဘွားတွေကို စောင့်ရှောက်တယ်ဆိုတာဟာ တကယ်မွန်မြတ်တဲ့ အလုပ်ပါနော်မိန်းမချောလေး တစ်ယောက်ကလည်း စွန်ပစ်ခံ ဘိုးဘွားတေကို စောင့်ရှောက်နေတာ ဖြစ်ပါတယ်။

ထိုမိန်းကလေးကတော့ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ အင်္ဂပိုလမ်းမကြီးဘေး သီလှကုန်းမှာနေတာ ဖြစ်ပါတယ်။သူမရဲ့ဘဝကတော့ ရိုးရိုးရှင်းရှင်းလေး ဖြစ်ပြီးသူမဟာကျောင်းပြီးတော့ ကျောင်းဆရာမ အလုပ်ဝင်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ထို့နောက်သူမရဲ့ ခံယူချက်အ ရ အလုပ်ကထွက်ပြီးတော့ ခိုလူံရာဂေဟာကို ဟင်္သာတမြို့ လယ်တီကွင်းရပ် အောင်ချမ်းသာ ဘုန်းကြီးကျောင်းနားမှာ

တည်ဆောက်ပြီးတော့ ဝန်ထမ်းတွေခန့်ပြီး ပြုစုစောက်ရှောက် သူတွေမဲ့သွားတဲ့ သက်ကြီးအဘိုး အဘွားတွေကို ခိုလူံရာဂေဟာမှာ ခေါ်ယူစောင့်ရှောက်ထားတာ ဖြစ်ပါတယ်။အနယ်နယ်အရပ်ရပ်က အဘိုးဘွားတေကို သတင်းကြားလျှင်လဲ သူမကိုယ်တိုင် လိုက်ပါပြီး သွားရောက်ခေါ်ယူ စောင့်ရှောက်တာ ဖြစ်ပါတယ်။သက်ကြီးဘိုးဘွား တွေတင်မကပါဘူးနော် လူလတ်ပိုင်း အရွယ်တွေ မိဘမဲ့စွန့်ပစ်ခလေးတွေလမ်းဘေးမှာအိမ်ခြေရာခြေမဲ့ နေသူတွေ စိတ်မနှံသူတွေပါ ခေါ်ပြီးစောင့်ရှောက်တာ ဖြစ်ပါတယ်။

တစ်ချို့ခေါ်ယူထားတဲ့ သူတွေထဲက ကျန်းမာရေး ချို့တဲ့နေသူတွေကို သေဆုံးသွားတဲ့ အခါမှာလည်းကောင်းမွန်စွာပဲ လူတစ်ယောက်ရဲ့နောက်ဆုံးခရီးကို ပို့ဆောင်ပေးခဲ့ ဖြစ်ပါတယ်။သူမရဲ့ နှလုံးလှတဲ့ မြင့်မြတ်တဲ့ စိတ်ထားက လူသားတိုင်း မလုပ်နိုင်ဘူးဆိုတာကျတော်ကိုယ်တိုင် မြင်တွေ့ခဲ့ရတော့ ထုတ်ဖော်မပြောပြပဲ မနေနိုင်ပါဘူးနော်ဒါတင်မကသေးပါဘူး သံဃာဇိဝိတဒါ န ဆေးရုံဆောက်ဖို့ ဟင်္သာတမြို့သစ်ဘက်မှာပဲခြံကွက်လပ်တစ်ခု ဝယ်ယူပြီး သံဃာဇိဝိတဒါနဆေးရုံ ဂေဟာကိုဆောက်လုပ် လှူဒါန်းထားတယ်။

သူမရဲ့ ရဟန်းရှင်ပြည်သူအများ စောင့်ရှောက်ရေး ဂေဟာတွေမှာ ဝန်ထမ်းတွေ ဆေးဘက်ဆိုင်ရာ ဆရာမတွေကို လစာနဲ့ခန့်ထားတာပါယခုလည်း ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ် ဖြစ်နေတဲ့လူနာတွေကို ထ္မင်းဟင်းနေ့စဉ်လှူဒါန်းနေတာဘဲ ဖြစ်ပါတယ်။သူမရဲ့ အမည်ကတော့ မသင်းရွှေစင်လှိုင် ပဲဖြစ်ပါတယ်နော် လေးစားဂုဏ်ယူမိပါတယ်နော်။

LEAVE A REPLY

Please enter your comment!
Please enter your name here