ဦးဖြိုးမင်းသိန်း ယခုအချိန်ထိ တရားစွဲဆိုခံထားရခြင်းမရှိဘူးလို့ ရှေ့နေပြော

117

အောက်တိုဘာ ၁၀ ဖေဖော်ဝါရီလမှစတင်ပြီး ၈လကြာဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရန်ကုန်တိုင်း ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းအနေနဲ့ တရားစွဲဆိုခံထားရခြင်းမရှိကြောင်း တရားလွှတ် တော်ရှေ့ နေ ဦးကြည်ဝင်းရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့သည့် အောက်တိုဘာလ ၈ရက်နေ့က နေပြည်တော်ရှိ အထူးတရားရုံးမှာဒေါ်အောင် ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အဂတိအမှုနဲ့စပ်လျဉ်းပြီး ရှေ့နေများက ဦးဖြိုးမင်းသိန်းကို အပြန်အလှန်စစ်ဆေးမေးမြန်းခဲ့တာဖြစ်ပါတယ်။“သူကတော့ သူထွက်ဆိုနေကြအတိုင်းပဲ ထွက်ဆိုတာပေါ့။ အခုက ဝန်ကြီးချုပ် တွေ အ ကုန် လုံး တရားစွဲဆိုခံထားရတယ်၊ ဒါပေမယ့် သူ့ကျတော့ ၈လရှိပြီ တရားစွဲဆိုတာမျိုး မရှိသေး ဘူး”လို့ တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

ယခုလက်ရှိအချိန်မှာ NLD အစိုးရလက်ထက်က တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် အသီးသီး သည် ပုဒ်မ ၅၀၅(ခ)အပါအဝင် ပုဒ်မအသီးသီးဖြင့် တရားစွဲဆိုခံထားရသလို NLD ထိပ်ပိုင်းခေါင်းဆောင်အများအပြားလည်း ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။ဒါ့ပြင် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်များအနက် မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ကို ပုဒ်မ ၅၀၅(ခ)ဖြင့် ထောင်ဒဏ်များ ချမှတ်ခံထားရပါတယ်။ယခုကဲ့သို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အဂတိအမှုများနဲ့ပတ်သက်ပြီး သက်သေထွက်ဆိုရာမှာ နိုင်ငံရေးအရ ဝေဖန်ခြင်းများ ခံနေရတာလည်းဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here