ဦးဖြိုးမင်းသိန်းနဲ့ ပါတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ ပြောပြလာတဲ့ ဒေါက်တာဆာဆာ

181

ကမ္ဘာ့သတင်း ဌာနကြီး တစ်ခုဖြစ်တဲ့ BBC WORLD သီးသန့် မေးမြန်းခန်း အစီအစဉ်၌ ဦးဖြိုးမင်းသိန်း သက်သေထွက်ဆိုချက်အပေါ် Drဆာဆာကို အင်တာဗျူး လုပ်ခဲ့ပါတယ်။မေးခွန်း ဝန်ကြီး Drဆာဆာ ရန်ကုန်တိုင်းဝန်ကြီး ဦးဖြိုးမင်းသိန်းက သူကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်အပေါ် သက်သေထွက်ဆိုတာဟာ ဘာဖစ်လို့လဲ ဘယ်လိုထင်ပါသလဲ။

အဖြေ ဦးဖြိုးမင်းသိန်းက တကယ်လူကောင်း လူအေးတစ်ယောက်ပါ စစ်အကြမ်းဖက်အဖွဲ့က ဖမ်းပြီးကတည်းကသူဟာ ကျန်မာရေး မကောင်းပါဘူး ကိုဗစ်ရောဂါကိုလဲ အထဲမှာ အပြင်းအထန် ခံစားနေရတာပါ သူမှာ နှလုံးရောဂါရှိပါတယ်။

ဆိုတော့ သူ့ရဲ့ထွက်ဆိုချက်ဟာ လုံးဝမမှန်ကန်နိုင်ဘူးဆိုတာ ဦးစွာပြောချင်ပါတယ် အကြမ်းဖက်အုပ်စုက ဘယ်လို ဖိအားတွေပေးကြလဲ ဘယ်လို ချိန်းခြောက်မလဲ ဘယ်လိုပုံစံနှိပ့်စက်ကြမလဲဆိုတာ မှန်းဆလို့တောင် မရပါဘူး။ဒီလိုလူစိတ် ပျောက်နေတဲ့ အကြမ်းဖက်အုပ်စုလက်ထဲ ရောက်ရှိသွားတဲ့ မည်သူမဆိုပေါ့ သမ္မ တ ဦးဝင်းမြင့်ပဲဖြစ်ဖြစ် ဒေါ် အောင်ဆန်းစု ကြည်ကိုယ်တိုင်ပဲဖြစ်ဖြစ် သက်သေထွက်ဆိုချက်မှန်သမျှကို ဒီအချိန်ဒီအခါမျိုးမှာအမှန်လို့ဘယ်လိုမှ ယူဆလို့မရနိုင်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်တွေဟာ ISIS တွေထက် ပိုဆိုးပါတယ်။

စစ်ဗိုလ်ချုပ်တွေက ကိုယ့်လူမျိုးကိုလဲ သတ်တယ် ကိုယ်နှင့်ဘာသာ တူလည်း သတ်ပါတယ် ကလေးလဲ သတ်တယ် ကိုယ်ဝန်ဆောင် မိခင်တွေလဲသတ်တယ် ဘုန်းကြီးတွေလဲ သတ်ပါတယ်။သူတို့လက်ထဲ မရောက်တဲ့သူတွေတောင် သူတို့က စိတ်ဓာတ်စစ်ဆင်ရေးတွေ အမြဲလုပ်ပါတယ် ကျွန်တော်ဆိုရင်လည် သူတို့ဖမ်းမိရင်ဟသေဒဏ်စီရင်ဖို့ သူတို့က လုပ်နေကြတာပါ။အများပြည်သူတွေလဲ ထိုနည်းတူပါပဲ စိတ်ဓာတ် စစ်ဆင်ရေးတွေ တောက်လျောက်လုပ်လာခဲ့ကြတာ သူတို့လုပ်တတ်တာကလဲ ဒါပဲရှိတာပါ။လက်နက်အားကိုးနှင့် ချိန်းခြောက်မယ် စိတ်ဓာတ် စစ်ဆင်ရေးလုပ်မယ် ဖမ်းမိတဲ့သူတွေဆို နှိပ့်စက်မယ် ဝန်ခံခိုင်းမယ် ဒါတွေက နှစ်ပေါင်းများစွာလုပ်လာခဲ့ကြတာပါ။ဦးဖြိုးမင်းသိန်းကလဲ သူ့ရဲ့ နှလုံးရောဂါ အခြေအနေကြောင့် အခုလို သက်သေထွက်ဆိုနေတယ်ဆိုတာ သံသယဖြစ်စရာတောင် မလိုပါဘူး ကျန်မာရေးကြောင့်ဆိုတာ သေချာပါတယ်။

သတင်းထောက် ဒါဆိုရင် ဒေါက်တာဆာဆာက ဦးဖြိုးမင်းသိန်းရဲ့ သက်သေထွက်ဆိုချက်ဟာ လုံးဝမှန်ကန်မူမရှိဘူး စစ်ကောင်စီကဟတမင်ဖန်တီးထားလို့ ပြောချင်တာလား Dr ဆာဆာ ဟုတ်ပါတယ်မေးခွန်း စစ်ကောင်စီက ဘာရည်ရွယ်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မအမျိုးတပ်ပြီးတော့ တရားခံ ဖြစ်စေချင်ကြတာလဲဖြေ အဓိကသူတို့ရဲ့ဟရည်ရွယ်ချက်က မြန်မာပြည်သူတွေကြားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကျဆင်းအောင် လုပ်ကြတာပါ ပြည်သူတွေ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်တွေယုံကြည်မူတွေ ဝေဝါးအောင် တမင်ဖန်တီးပြီး လုပ်လိုက်တာပါပဲ စစ်ဗိုလ်ချုပ်တွေနှင့် သူတို့အပေါင်းအပါ ပါတီတွေရဲ့ ညဏ်ရည်နှိပ့်ပါးမူနှင့် နိုင်ငံရေး အမြင်ကျဉ်းမူကြောင့် ဖြစ်ပါတယ်။သူတို့အထင်မှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးထဲမှာ မရှိတော့ရင် မြန်မာပြည်သူလူထုကြီး သူတို့ကိုလက်ခံလာမယ် ထင်နေကြတာပါ

တစ်ဆက်ထဲမှာပဲ N L D ပါတီကိုလဲ ဖျတ်သိမ်းနိုင်ရင် ပြည်သူလူထုက သူတို့ ပါတီကို လက်ခံလာကြလိမ့်မယ်လို့ ထင်နေကြတာပါ။ဒါဟာသူတို့ရဲ့ မဟာအမှားကြီးပါ ဒေါ်အောင်ဆန်းစုကြည်ရှိလို့ မြန်မာပြည်သူလူထု ရှိလာတာ မဟုတ်ပါဘူးပြည်သူရှိလို့ ဒေါ်အောင်ဆန်းစုကြည်ရှိလာတာပါ NLDလဲ ထိုနည်းတူပဲ NLDရှိလို့ ပြည်သူဖြစ်လာတာ မဟုတ်ပါဘူး ပြည်သူရှိလို့ NLDရှိလာတာပါ

ကျွန်တော်တို့ ပြည်သူလူထုကြီးက အကြမ်းဖက် စစ်အုပ်စုနှင့် အပေါင်းအပါအားလုံးကို လုံးဝအယုံကြည်မရှိတော့သလို ဘယ်တော့မှလဲ လက်ခံနိုင်စရာအကြောင်း မရှိတော့ပါဘူး။သူတို့လက်ထက်မှာ တရားဥပဒေစိုးမိုးရေးဆိုတာ ပြည်သူက လုံးမခံစားခဲ့ရပါဘူး ပညာတတ်တွေ ထောင်ထဲမှာ ရောက်ရင်ရောက် မရောက်ရင် အသတ်ခံရနှင့် အမှားကိုအမှန်လုပ် အမှန်ကို အမှားလုပ် နေကြတာပါ

သူတို့ ဖြစ်စေချင်တဲ့ သူဆိုရင် ပုဒ်မအမျိုးမျိုးတပ်ပြီးတော့ ဖမ်းတယ် သူတို့လူဆိုရင် ဘာပြစ်မူပဲ ကျူးလွန်ကျူးလွန် ပြစ်ဒဏ်မခံရပါဘူးအကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ မြန်မာပြည်သူအများစုက သိနေကြပါပြီ ကမ္ဘာကသူတို့ လုပ်ရပ်အလုံးစုံကို မသိနိုင်ပါဘူး ဒါကြောင့်ကျွန်တော်တစ်နိုင်ငံပြီးတစ်နိုင်ငံ ကမ္ဘာ့အဖွဲ့စည်း အားလုံးကိုအသေးစိတ် တောက်လျောက်ပြောပြလာခဲ့တာပါမေးခွန်း Drဆာဆာက ဒေါ်အောင်ဆန်းစုကြည်ဘက်က အခိုင်အမာ ရပ်တည်နေတယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ လုံးဝယုံကြည်တယ်ဆိုတဲ့သဘောလားဖြေ သိပ်သေချာတာပေါ့ ဒါကအမှန်တရားပါ ကျွန်တော်မှ မဟုတ်ပါဘူး ဒေါ်အောင်ဆန်းစုကြည်ဘက်မှာ မြန်မာပြည်သူတွေ အများကြီး ရပ်တည်ပေးပါတယ် ဒေါ်အောင်ဆန်းစုကြည်ဆိုတာ

မြန်မာနိုင်ငံရဲ့တကယ့်မိခင်ကောင်း တစ်ယောက်ပါ သူ့ကိုမကြိုက်တဲ့ လူအနည်းငယ်တော့ရှိကောင်းရှိ မှာပေါ့လေ သူကမြန်မာပြည်အတွက်သူ့မိသားစု သူ့ ဘဝတစ်ခုလုံးကို စတေးထားတာပါ သူ့ ပိုင်ဆိုင်မူအားလုံးကိုလဲ ပြည်သူလူထုအတွက် လှူဒါန်းထားပြီးသားပါဒေါ်အောင်ဆန်းစုကြည် ၅နှစ်သာ အုပ်ချုပ်ခဲ့တဲ့ ကာလမှာ မြန်မာပြည်သူတွေ ဘဝလုံခြုံခဲ့တယ် ပျော်ရွင်ခဲ့ကြတယ် အဖက်ဖက်က ဖွံဖြိုးတိုးတက်ခါစ ပြုခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာတရားဟာ မြန်မာပြည်သူတွေအတွက် လုံလောက်ခဲ့ပါတယ် သူ့အတွက်နှင့် မြန်မာပြည်အတွက် မြန်မာပြည်သူလူထုအတွက် အမြဲတမ်းဆုတောင်းပေးနေပါတယ်။သူတော်ကောင်းတွေကို မတရားပုဒ်မတွေတပ်ပြီး ထောင်ချနေတဲ့ အကြမ်းဖက် စစ်အာဏာရှင်တွေကို ကျွန်တော်တို့ ချုပ်ငြိမ်းရတော့မှာပါအဆုံးသတ်ရတော့မှာပါ စစ်ဗိုလ်ချုပ်တွေဟာ ကျရူံးနေပါပြီ ဒီကလိမ်ကကျစ် နည်းဗျုဟာတွေဟာလည် သူတို့ရဲ့ နောက်ဆုံး နည်းဗျုဟာဖြစ်ပါတယ်။သူတို့ဟာ အဆုံးသတ်တော့မယ်ဆိုတာ သူတို့လုပ်ရပ်က သက်သေပြနေပါပြီ နောက်ဆုံးအနေနှင့် ပြောချင်ပါတယ် မြန်မာပြည်နှင့် မြန်မာပြည်သူတွေကို ဘုရားသခင် ကောင်းကြီးပေးပါစေ။

LEAVE A REPLY

Please enter your comment!
Please enter your name here