နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားတဲ့ ဆေးကျောင်းသားလေးမောင်ခန့်ငြားဟိန်းရဲ့ ဈာပနာက သူ့မိခင်ပြောသလို ကမ္ဘာကျော်ပါပြီ

202

အာဏာသိမ်း စစ်ကောင်စီရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တဲ့ ရန်ကုန် ဆေးတက္ကသိုလ်(၁) ကျောင်းသား မောင်ခန့်ငြားဟိန်း(ခ)အာကာဇော် ( ဆေးတက္ကသိုလ် ပထမနှစ် အသက် (၁၈) နှစ်) ဈာပန မြင်ကွင်း အကြောင်းကို စင်ကာပူရဲ့ ဒီနေ့ထုတ် thenewpaper သတင်းစာမှာ အကျယ်တဝင့် ဖော်ပြပေးလာပါတယ်

သူ့သားရဲ့ သက်မဲ့ခန္ဓာကိုယ်ရုပ်အလောင်း သွားထုတ်စဉ်က အန်တီ ရင်ဖွင့်ခဲ့တဲ့ ရင်တွင်း စကားလေးကိုပါသတင်းစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်.. အန်တီပြောခဲ့သလိုပဲ ကျွန်မသား အာဇာနည် သူရဲကောင်းကြီးကို ကမ္ဘာကျော်အောင် နိုင်ငံကျော်အောင် ပြောပေးကြပါဆိုတဲ့အတိုင်း စင်ကာပူသတင်းစာမှာ ဖော်ပြပေးချက်အရ..နိုင်ငံကျော်နေပါပြီ 😥😢😭

ကျဆုံးသွားတဲ့ အာဇာနည် သူရဲကောင်း အားလုံးကို လေးစားဦးညွတ် အလေးပြုပါတယ်.. ကောင်းမွန်စွာ ငြိမ်းချမ်းစွာ အနားယူ အိပ်စက်နိုင်ကြပါစေ 😥😭😰 ( ယနေ့ထုတ် သတင်းစာမှာ မောင်လေးခန့်ငြားဟိန်း အကြောင်းပါနေတာတွေ့လို့..အန်တီတစ်ယောက် သူ့သား အာဇာနည်သူရဲကောင်းကြီးအတွက် ဂုဏ်ယူနိုင်အောင် တင်ပေးလိုက်ပါတယ် 😭 )

LEAVE A REPLY

Please enter your comment!
Please enter your name here