ဦးသန်းရွှေသားမက် ဒေါက်တာနေစိုးမောင်မှ တပ်မတော်သားများထံသို့ ရေးတဲ့စာ

257

ဆရာဟာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှာ တာဝန်မထမ်းဆောင်ခင် တပ်မတော် ဆေးတက္ကသိုလ် DSMA, Defense Servises Medical Academy မှာ သင်ကြားရေးအတွက် လက်ထောက်ကထိက ဘဝကနေ ဌာနမှူး အထိ တာဝန်ယူခဲ့တာ သိကြမှာပါ..DSMA ကို DSA လိုအုပ်ချူပ်ဘို့ ပြင်ပကမ္ဘာနဲ့ ကင်းကွာ ဘို့ စီစဉ်ခဲ့ကြပေမဲ့ ဆရာက ဆေးတက္ကသိုလ်ဆိုတာ ဆရာဝန်ကောင်းတွေ မွေးထုတ်ရမှာမို့ ပြည်သူတွေရဲ့ဘဝကို စာနာ နားလည်ရမှာဖြစ်ပြီး ပြည်သူ့ဘဝ ကွင်းဆင်းလေ့လာဘို့ ဆက်တိုက်တောင်းဆိုခဲ့လို့ နောက်ဆုံး broad minded ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်းကို တွေ့ဆုံရှင်းပြခဲ့ပြီးနောက် DSMA 7tb batch မှာ အခြေချ ကွင်းဆင်းလေ့လာခွင့်စတင်ရရှိခဲ့တယ်..

အဲဒီတုန်းက ဗိုလ်လောင်းတွေ တစ်ခုခုဖြစ်ရင် ခင်ဗျားရာထူး ထိခိုက်နိုင်တယ်လို ဖိအားပေးပေမဲ့ ကျွန်တော်တာဝန်ယူမယ်လို့ ခေါင်းခံလိုက်လို့ Residential Field Training က ခွင့်ပြုချက်ရခဲ့ပြီး အခုထိ ဆေးဗိုလ်လောင်းတွေလည်း အခြေခံလူတန်းစား ပြည်သူတွေရဲ့ဘဝကို လေ့လာခွင့်ရပြီး ပြည်သူတွေကို စာနာနားလည်ခဲ့ကြတယ်..အဲဒီအချိန်က တက္ကသိုလ်တွေမှာ နိုင်ငံရေး မဆွေးနွေးရဘူးဆိုပေမဲ့ ကိုယ့်တိုင်းပြည် တိုးတက်ရေးမှာ နိုင်ငံရေးကို လူငယ်တွေ သိထားသင့်တဲ့အတွက် ဆရာ အမြဲဆွေးနွေးခဲ့တယ်၊

နောက်ပိုင်း နိုင်ငံခြားသွားဘို့ အခွင့်အလမ်းတွေ ရှာဖွေပေးခဲ့ပြီး သူတို့နိုင်ငံတွေကိုကြည့်ပြီး ကိုယ့်နိုင်ငံတိုးတက်အောင်လုပ်ဘို့ တွန်းအားပေးခဲ့တယ်..အဲဒီလိုပို့ပေးတဲ့အခါ တချို့ တပည့်လေးတွေက သူတို့ နိုင်ငံတွေရဲ့ တိုးတက်မှုကို ငေးမောကြည့်ရင်းမေးတယ်.. “ကျွန်တော်တို့ နိုင်ငံရော ဘယ်တော့ ဒီလိုဖြစ်လာမှာလဲ ဆရာကြီး” လို့မေးတော့ ဆရာပြန်ဖြေခဲ့တယ်..“ဘယ်အချိန်မှာ ဖြစ်လာမလဲဆိုတာ ငါလည်းမသိဘူး၊ ဒါပေမဲ့ ဒီလိုဖြစ်လာဘို့ဆိုတာ မင်းတို့ ငါတို့ ကကြိုးစားဘို့ လိုတယ်.. အဲဒီလို လုပ်ဆောင်ဘို့ဆိုတာ ဝါးလုံးခေါင်းထဲ လသာနေလို့မရဘူး၊ လွပ်လပ်ပြီး အဖိနှိပ်ခံကင်းတဲ့ ပြည်သူတွေဘက်ကရပ်တည်မဲ့ လူမှုဝန်းကျင်ရှိဘို့လိုတယ်”

အခုလည်း တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ တပည့် ဆရာဝန်လေးတွေက ကျန်းမာရေး စောင့်ရှောက်မှုပေးဘို့ ဖိတ်ခေါ်တော့ သွားသင့် မသွားသင့် စဉ်းစားရတယ်.. ကိုယ်က အခုဖြစ်စဉ်မှာ အမှန်တရားဘက်က ရပ်တည်နေ တာဖြစ်လို့ တပ်မတော်သား ဆရာဝန်တွေဖြစ်တဲ့ သူတို့နဲ့ တွေ့လို့ ကောင်းပါ့မလားလို့ တွေးမိပေမဲ့ နောက်ဆုံး သူတို့ ရဲ့ သဘောထားကို သိချင်တာနဲ့ သွားခဲ့ပါတယ်..သူတို့နဲ့တွေ့တော့ ရင်းနှီးချစ်ခင်စွာ ဆက်ဆံပြီး သူတို့က ကန်တော့ပါရပါစေဆိုပြီး ဖိနပ်ချွတ်ပြီး လက်စုံမိုးလို့ ထိုင်ကန်တော့ ကြတယ်..

သူတို့ရဲ့ ချွေးနည်းစာလေးတွေနဲ့ စုဆောင်းထားတဲ့ ငွေသားနဲ့လည်းကန်တော့ ကြတယ်.. သူတိုရဲ့ မျက်ဝန်းထဲမှာလည်း ချစ်ခင်လေးစား အားကိုးမှုတွေ ပေါ်လွင်နေတယ်..ဆရာလည်း ကြက်သီး မွှေးညှင်းထလောက်အောင် ဝမ်းနည်းဝမ်းသာဖြစ်ပြီး သားတို့အတွက်ဆုမွန်ပေးခဲ့ပါတယ်.. “သားတို့ရဲ့ အနာဂတ်ဟာ အဖိနှိပ်ခံကင်းပြီး ထွန်းလင်း တောက်ပစေဘို့၊ အမှန်တရားကို မြတ်နိုးပြီး ပြည်သူတွေရဲ့ ဘဝကို ကိုယ်ချင်းစာနာ နားလည်ဘို့၊ နိမ့်ကျနေတဲ့ ကိုယ့်နိုင်ငံကို ပြန်လည်မြှင့်တင်ရာမှာ ချစ်သားတို့ တစ်တပ် တစ်အား ပါဝင်နိုင်ကြပါစေ” လို့..

Dr Nay Soe Maung

LEAVE A REPLY

Please enter your comment!
Please enter your name here