ဦးသန်းရွှေရဲ့သမက် ဒေါက်တာနေစိုးမောင် ပြောလိုက်တဲ့ စကစရဲ့ နည်းလမ်းမမှန်တဲ့ လုပ်ရပ်များ

295

န အ ဖ ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ငြိမ်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ သမက်ဟောင်းနေရွေသွေးအောင် ဖိုးလပြည့်၏ ဖခင် ဖြစ်သူ ဒေါက်တာနေစိုးမောင် မှ ပြည်သူချစ်သည့်။

အနုပညာ ရှင်များကိုဖမ်းဆီးခြင်း ဝရမ်းထုတ်ခြင်းသည်ပြည်သူများ ၏ အမုန်းတရားတွေ ကိုရယူခြင်းဖြစ်ပြီး အနုပညာရှင် အိန္ဒြာကျော်ဇင် သည်လက်ရှိမှာ ဖမ်းဆီးတရားစွဲအကျဉ်းချခံထားရပြီး လူမမယ် သားသမီးတွေနဲ့ ဝေးကွာနေရ ကြောင်း လူမှုကွန်ယက်တွင်အောက်ပါအတိုင်း ရေးသားခဲ့သည်။

ဒေါက်တာနေစိုးမောင်သည် နအဖကာချုပ်ဟောင်း ဦးသန်းရွှေသမက် ဖြစ်ပေမယ့် စကစရဲ့လုပ်ရပ်တွေကို မနှစ်သက်ပဲ ပြည်သူများနှင့်အတူရှိခဲ့သည်မှာ n l d အစိုး ရ တက်ခါစထဲကပင်ဖြစ်သည် Germany နိုင်ငံမှာ ကျင်းပတဲ့Oldenburg ရုပ်ရှင်ပွဲ တော်မှာ မြန်မာနိုင်ငံမှ ဒါရိုက်တာ ဏကြီး ရိုက်ကူးတဲ့ hat happened to the wolf ဇာတ်ကားမှအိန္ဒြာကျော်ဇင်က အကောင်းဆုံး သရုပ်ဆောင်ဆု ကိုဆွတ်ခူး သွားခဲ့ပါတယ် ပြည်သူချစ် အနုပညာရှင် သရုပ်ဆောင် အိန္ဒြာကျော်ဇင် ဟာလက်ရှိမှာဖမ်းဆီးတရားစွဲ အကျဉ်းချခံထားရပြီး လူမမယ် သားသမီးတွေနဲ့ ဝေးကွာနေရပါတယ်။

ဒီလို ပြည်သူချစ်တဲ့ အနုပညာရှင် တွေကို ဖမ်းဝရမ်း ထုတ်တာ ဖမ်းဆီးပြီး အကျဉ်းချတာ တွေဟာ ပြည်သူ တွေရဲ့ အမုန်းတရားကိုရယူလိုက်တာပါဘဲ တနည်းအားဖြင့် ပြည်သူတွေအပေါ် စည်းရုံးရေး ပျက်ပြားစေပြီးအမုန်းပွားမှုကို ဖန်တည်းရယူလိုက်တာပါဘဲ ဟု ဒေါက်တာ နေစိုးမောင်မှ ရေးသားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here