အ​လောဘွမ်ဘက်ကို စစ်ကူလာသည့် စစ်​ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီး ကား​မီး​လောင်ပျက်စီး

395

အ​လောဘွမ်ဘက်ကို အင်အားဖြည့်လာသည့် စစ်​ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီး ကား​မီး​လောင်ပျက်စီး

Kachinwaves: 15 April 2021 – Alaw Bum

ဗန်း​မော်မြို့မှ အ​လောဘွမ်ဘက် စစ်အင်အားဖြည့်လာသည့် စစ်အာဏာသိမ်း​ကောင်စီ လက်နက်ကိုင်ယာဉ်တန်း ယ​နေ့ည​နေ မိုင်းခွဲတိုက်ခိုက်ခံရပြီး ကားများမီး​လောင်သွား​ကြောင်း သတင်းရရှိသည်။

ယ​နေ့ ည​နေပိုင်း ၄နာရီခန့်က ကချင်ပြည်နယ် ဗန်းမော်မြို့မှ ဆီဟပ်၊ မြို့သစ်​ကျေးရွာဘက်ကို ဦးတည်လာသည့် ယာဉ်တန်း ခူးလိလမ်းခွဲ၌ မိုင်းခွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။

“၁၆ စီးတက်လာတာ ကားတစ်စီး​တော့ ​လောင်သွားတယ်လို့သိရတယ်။ အတိအကျ​တော့ မသိ​သေးဘူး”ဟု ​ကေအိုင်​အ အဆင့်မြင့်အရာရှိတစ်ဦးက ဆိုသည်။

အ​လောဘွမ် တိုက်ပွဲ၌ အကျအရှုံးများသည့်အတွက် ဗန်း​မောခရိုင် စစ်​ကောင်စီတပ်​များကို အင်အားတိုးချဲ့​​​နေခြင်းဖြစ်သည်။

လက်ရှိအချိန်မှာ​တော့ အ​လောဘွမ်အနီးဝန်းကျင်တွင် တိုက်ပွဲသံများ ငြိမ်​နေ​ကြောင်းလည်း သိရသည်။

ပုံ။ ပုံ​ဟောင်း အသုံးပြုထားခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here