အနွမ်းပါးဆုံး အိမ်ထောင်စုတွေကို သေချာရွေးချယ်ကာ သူတို့တွေအား ပြုံးပျော်ပီတိ ဖြစ်စေခဲ့တဲ့ ဝေဠုကျော်ရဲ့ အလှူလေး

76

ပရဟိတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်နေပြီး အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် အမြဲဖေးမကူညီတတ်တာကတော့ ဝေဠုကျော်ဖောင်ဒေးရှင်းပဲ ဖြစ်ပါတယ်။ ဝေဠုကျော်ကတော့ လက်ရှိအခြေအနေတွေမှာ အားလုံးနဲ့အတူ ရပ်တည်နေကာ လှူဒါန်းမှုတွေကိုလည်း နေ့တိုင်းလိုလိုဆက်တိုက်ပြုလုပ်နေတာလည်း တွေ့ရပါတယ်

လိုအပ်နေသူတွေအတွက် ဖေးမကူညီတတ်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ အခုလည်း လှိုင်သာယဘက်က အနွမ်းပါးဆုံး အိမ်ထောင်စုတွေကို သေချာရွေးချယ်ကာ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ် ။ ဒါကတော့ အိမ်ထောင်စု (၁၀၀) အတွက် တစ်အိမ်ထောင်လျှင် ငါးကြင်းဖြူ ၇၅ကျပ်သား ဝန်းကျင် တစ်ကောင် ၊ ဆန် ၂ပြည် ၊ ဆီ ၃၀သား ၊ ကြက်သွန်နီ တစ်ပိဿာ ၊ အချိုမှုန့် တို့ကို ကူညီထောက်ပံ့ပေးခဲ့တာပဲဖြစ်ပါတယ် ။

ဒီလိုလှူဒါန်းရင်း ခက်ခဲစွာ ဖြတ်သန်း နေထိုင် နေကြရတဲ့ သူတို့ရဲ့ ဘဝတွေ အကြောင်းကိုလည်း ” ရပ်ကွက်လေးက မြောင်းနံ့ဆိုး များနှင့် ရေဆိုးများကြားထဲမှာ နေထိုင်ကြရပါတယ်။ လှိုင်သာယာ အိမ်တွေကို လှူပေးဖို့သွားကြည့်တော့ သူတို့ထက် ပိုနွမ်းပါးချို့တဲ့တာကို ညွှန်ပြပေးကြတယ် အဲဒီလို ကိုယ်ထက်ပိုလိုအပ်တဲ့ နေရာကိုညွှန်ပြတတ်တဲ့ ” ရပ်ကွက်ထဲက မြင်မြတ်တဲ့ စိတ်ထား” တွေကိုတွေ့ခွင့်ရသလို ရေဆိုးတွေကြားထဲနေနေရတယ့် ဒီရပ်ကွက်လမ်းထဲ ရောက်လာရတာပေါ့ဗျာ။ ဒီရပ်ကွက်ထဲမှာတောင် အနွမ်းပါးဆုံးတွေကိုသာ လှူပေးဖို့ ထပ် လမ်းညွှန်ရင်း အိမ်ခြေ ၁၀၀ ရွေးချယ် လှူပေးဖြစ်ပါတယ်။ နွမ်းပါးကြပေမယ့် အချင်းချင်းငဲ့ညှာတတ်တယ့် လောဘနည်းပြီး ချစ်စရာကောင်းတယ့် ရပ်ကွက်လေးပါ။ ” ရေးသားထားရာ စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။ ပရိသတ်ကြီး အတွက် ဒီသတင်းလေးကို ဝေမျှပေးလိုက်ပါတယ် ။

LEAVE A REPLY

Please enter your comment!
Please enter your name here