“အႏုပညာသမားစစ္စစ္ကို ေငြနဲ႔ခုိင္းလုိ႔မရဘူး စိတ္မပါရင္ ဘာမွမလုပ္ဘူး”လို႔ ဆုိလာတဲ့ လူရႊင္ေတာ္ ကိုေကာင္းေက်ာ္

221

ေကာင္းေက်ာ္ကေတာ့ ႐ုပ္ရွင္နဲ႔ ဗီဒီယို သ႐ုပ္ေဆာင္၊ ဟာသ လူရွင္ေတာ္ ျပည္သူခ်စ္အႏုပညာရွင္ေတြ ထဲက ဝါရင့္အႏုပညာရွင္ တစ္ဦးပဲ ျဖစ္ပါတ ယ္။ စစ္ေကာင္စီက ႏိုင္ငံေတ ာ္ အာဏာ ကိုလုယူတဲ့ ေန႔ကေန စၿပီး အမွန္တရားဘက္ကေန ဒီမိုကေရစီ အတြက္

ျပည္သူေတြ ၊ ပရိသတ္ေတြ နဲ႔ အတူ တိုက္ပြဲဝင္ခဲ့တဲ့ အႏုပညာတစ္ဦးပဲ ျဖစ္ပါတယ္။ ဒီလို အမွန္တရား ဘက္ကေန ရပ္တည္ခဲ့ တာေၾကာင့္ ပရိသ တ္ေတြရဲ႕ အခ်စ္ေတြ တိုးေနတာကို ခံေနရတဲ့ သူတစ္ဦးဆိုရင္လည္း မမွားပါဘူး။

လက္ရွိအေျခအေနမွာေတာ့ ျပည္သူေတြဟာ ဒုကၡ အမ်ိဳးမ်ိဳးနဲ႔ စိတ္ေသာက ေရာက္ေနရၿပီး အားလုံးဟာ တတ္ႏိုင္တဲ့ ဘက္ကေန တတ္ ႏိုင္သေလာက္ ကူညီမႈေတြေပးေနတာပဲျဖစ္ပါတယ္။လတ္တေလာမွာလည္း ေကာင္းေက်ာ္ဟာ လူ႐ႊင္ ေတာ္ အသင္း(ရန္ကုန္)၏နာယက ဟာသလူ႐ႊင္ေတာ္ႀကီး ဦးစိန္႐ိုးကြယ္လြန္တာနဲ႔ ပတ္သတ္ၿပီး ဝမ္းနည္းေၾကကြဲေနရတာပဲ ျဖစ္ပါတယ္။

ဒီတစ္ခါမွာေတာ့ ေကာင္းေက်ာ္ဟာ အႏုပညာသမား အစစ္နဲ႔ အႏုပညာ အလုပ္လုပ္စား သူေတြရဲ႕ ကြဲျပားျခားနား ခ်က္ကို သူရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ ေဖာ္ျပလာတာပဲ ျဖစ္ပါတယ္။”အႏုပညာကို တကယ္ခ်စ္တဲ့ အႏုပညာသမား အစစ္ ဆိုတာ ??? အႏုပညာသမားအစစ္ဆိုတာ ေငြမရေပမဲ့ စိတ္ပါရင္ ကိုယ့္စားရိတ္ ကိုစားၿပီး အလကား ေဖ်ာ္ေျဖေပးတတ္ ၾကသလို အႏုပညာသမားအစစ္ဆိုတာစိတ္မပါရင္လဲ ေငြေတြ ဘယ္ေလာက္ပုံေပးေပး လုပ္ခ်င္မွလုပ္တတ္ၾကတယ္။

အႏုပညာလုပ္စားသူမ်ားက်ေတာ့ အခြင့္ေရးတစ္ခုအတြက္ လုပ္ခ်င္လာရင္လဲ ကိုယ္ေတြက အႏုပညာသမားမို႔ ဘယ္သူနဲ႔ ျဖစ္ျဖစ္ အဆင္ေျပ ေအာင္ လုပ္ရမွာဘဲေလ လို႔ ဆင္ေျခ ေပါင္း တစ္သိန္း ေပးတတ္ၾကေလ ေတာ့ သတည္း။(အေဖ့ဆုံး မစကားေလ း သတိရ မိလို႔ပါ) ……” ဆိုၿပီး

အေဖျဖ စ္သူက ဆုံးမသြ န္သင္ေပးခဲ့တဲ့ အ ေၾက ာင္းေလးေတြ ေဖာ္ျပလာတာကို ပရိသ တ္ ေတြ အတြက္ျပန္လည္မွ်ေဝေပးလိုက္တာပဲ ျဖစ္ပါတယ္ေနာ္……..။

Unicode

ကောင်းကျော်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်၊ ဟာသ လူရှင်တော် ပြည်သူချစ်အနုပညာရှင်တွေ ထဲက ဝါရင့်အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတ ယ်။ စစ်ကောင်စီက နိုင်ငံတေ ာ် အာဏာ ကိုလုယူတဲ့ နေ့ကနေ စပြီး အမှန်တရားဘက်ကနေ ဒီမိုကရေစီ အတွက်

ပြည်သူတွေ ၊ ပရိသတ်တွေ နဲ့ အတူ တိုက်ပွဲဝင်ခဲ့တဲ့ အနုပညာတစ်ဦးပဲ ဖြစ်ပါတယ်။ ဒီလို အမှန်တရား ဘက်ကနေ ရပ်တည်ခဲ့ တာကြောင့် ပရိသ တ်တွေရဲ့ အချစ်တွေ တိုးနေတာကို ခံနေရတဲ့ သူတစ်ဦးဆိုရင်လည်း မမှားပါဘူး။

လက်ရှိအခြေအနေမှာတော့ ပြည်သူတွေဟာ ဒုက္ခ အမျိုးမျိုးနဲ့ စိတ်သောက ရောက်နေရပြီး အားလုံးဟာ တတ်နိုင်တဲ့ ဘက်ကနေ တတ် နိုင်သလောက် ကူညီမှုတွေပေးနေတာပဲဖြစ်ပါတယ်။လတ်တလောမှာလည်း ကောင်းကျော်ဟာ လူရွှင် တော် အသင်း(ရန်ကုန်)၏နာယက ဟာသလူရွှင်တော်ကြီး ဦးစိန်ရိုးကွယ်လွန်တာနဲ့ ပတ်သတ်ပြီး ဝမ်းနည်းကြေကွဲနေရတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ကောင်းကျော်ဟာ အနုပညာသမား အစစ်နဲ့ အနုပညာ အလုပ်လုပ်စား သူတွေရဲ့ ကွဲပြားခြားနား ချက်ကို သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြလာတာပဲ ဖြစ်ပါတယ်။”အနုပညာကို တကယ်ချစ်တဲ့ အနုပညာသမား အစစ် ဆိုတာ ??? အနုပညာသမားအစစ်ဆိုတာ ငွေမရပေမဲ့ စိတ်ပါရင် ကိုယ့်စားရိတ် ကိုစားပြီး အလကား ဖျော်ဖြေပေးတတ် ကြသလို အနုပညာသမားအစစ်ဆိုတာစိတ်မပါရင်လဲ ငွေတွေ ဘယ်လောက်ပုံပေးပေး လုပ်ချင်မှလုပ်တတ်ကြတယ်။

အနုပညာလုပ်စားသူများကျတော့ အခွင့်ရေးတစ်ခုအတွက် လုပ်ချင်လာရင်လဲ ကိုယ်တွေက အနုပညာသမားမို့ ဘယ်သူနဲ့ ဖြစ်ဖြစ် အဆင်ပြေ အောင် လုပ်ရမှာဘဲလေ လို့ ဆင်ခြေ ပေါင်း တစ်သိန်း ပေးတတ်ကြလေ တော့ သတည်း။(အဖေ့ဆုံး မစကားလေ း သတိရ မိလို့ပါ) ……” ဆိုပြီး

အဖေဖြ စ်သူက ဆုံးမသွ န်သင်ပေးခဲ့တဲ့ အ ကြေ ာင်းလေးတွေ ဖော်ပြလာတာကို ပရိသ တ် တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်နော်……..။

LEAVE A REPLY

Please enter your comment!
Please enter your name here