အပြင်းဖျားပြီး အပူကြီးနေလို့ နဖူးမှာ လစဉ်သုံးကပ်ကာ အရေးပေါ်ကုသခဲ့ရရှာတဲ့ PDF ရဲမေလေးရဲ့ အဖြစ်

149

ဆရာဝန်မရှိတဲ့ PDFနေရာတစ်ခုက အပြင်းဖျားနေတဲ့ အမျိုးသမီးရဲဘော်တစ်ယောက်ရှိလို့ လာခေါ်ရှာတယ် ရောက်သွားတော့ တွေ့လိုက်ရတဲ့မြင်ကွင်းက ရင်ထဲစို့သွားတယ်။

အဖျားကလည်းကြီး ဆရာဝန်လည်းမရှိတော့ သူတို့အချင်းချင်းတက်သလောက် လုပ်ထား​ပေးပုံက အဖျားကျအောင်တဲ့ Pad ကြီး (လစဉ်သုံးဂွမ်း)ကို ရေစွတ်ပြီး နဖူးမှာကပ်ထားတယ်။

ဘာလို့ကပ်ထားတာလဲ မေးတော့ အဖျားအရမ်းကြီး​တော့ အပူစုပ်အောင်တဲ့! ရုတ်တရက်ဘာပြောရမှန်းတောင်မသိတော့ဘူး မြင်ရတာစိတ်ထဲလည်း တော်တော်မကောင်းဘူး။အသက်လေးတွေက 18/19 လေးတွေ စာသင်ရမယ့် အရွယ်တွေက စာသင်ခန်းထဲမှာ မရှိဘဲ ဒီလိုနေရာမှာ ဒီလိုဒုက္ခ လာခံနေကြတယ် အရာရာ မပြည့်မစုံ ချို့တဲ့နေတဲ့ကြားမှာ ကြိုးစားပြီး ရှင်သန်နေကြ တယ်။

မိသားစုနဲ့ဝေးနေတဲ့ အချိန်မှာ ကိုယ့်အချင်းချင်း ဖေးမကူညီပြီး နေကြရတယ် ဒီလိုမျိုးဖြစ်နေတာ အိမ်ကမိဘတွေသိရင် ရင်ကျိုးလိုက်မယ့်ဖြစ်ခြင်း အာဏာရူးတဲ့ လူ့တိရစ္ဆာန်တစ်စုကြောင့်သာ မဟုတ်ရင် ဒီလိုအချိန်မှာ လူငယ်တွေရဲ့အနာဂတ်ကသိပ်ကိုလှနေမှာ။

LEAVE A REPLY

Please enter your comment!
Please enter your name here