အလောဘွမ်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ရင်းတစ်ရင်းလုံးပြုတ်

618

အလောဘွမ်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ရင်းတစ်ရင်းလုံး ရှုံးနှိမ့်။

Kachinwaves: 14 April 2021 – Alaw Bum

အလောဘွမ်(Alaw Bum)စခန်းသို့ ထိုးစစ်ဆင် တိုက်ခိုက်ရန်တက်လာသည့် မိုးမောက်မြို့ အခြေစိုက် ခမရ (၃၂၀)တပ်ရင်းမှ စစ်သည်အင်အား တစ်ရာကျော်ရှိ​သော စစ်​ကြောင်း အလုံးအရင်းဖြင့် ရှုံးနှိမ့်သွားပြီဖြစ်​ကြောင်း ကေအိုင်အို သတင်းနှင့်ပြန်ကြားရေး ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ခမရ(၃၂၀)တပ်ရင်းသည် စစ်ကြောင်းနှစ်ခုဖြင့် အလောဘွမ်ကို ချီတက်လာခဲ့ပြီး စစ်ကြောင်းတစ်ကြောင်းသည် တပ်ရင်းမှူးအပါအဝင် အကျအရှုံးများပြီး ယမန်နေ့က ဆုတ်ခွာသွားပြီးဖြစ်ကြောင်း သိရသည်။

ကျန်ရှိ​နေသည့် နောက်စစ်ကြောင်းတစ်ကြောင်းနှင့် မနေ့ည တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်​ကောင်စီ တပ်ဘက်က အကျအရှုံးများခဲ့သည်ဟု ဆိုသည်။

“စစ်ကောင်စီဘက်က အကျအရှုံးတော်တော်များတယ်လို့ သတင်းရတယ်။ လက်နက်တွေလည်း သိမ်းရတယ်လို့ သိရတယ်။ အဲ့စစ်ကြောင်းလည်း ကုန်ပြီထင်တယ်။ စစ်သားနှစ်ယောက်သုံးယောက်ပဲကျန်တယ်လို့သိရတယ်။ အခုအဲ့စစ်သားတွေကို လိုက်ရှာနေတယ်လို့ပြောတယ်။”ဟု ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

 

လိုင်ဇာအနီးရှိ မုန်းဆိုင်ယန်ရွာဘက်ကိုလည်း ရိက္ခာပြတ်ပြီး စစ်ကောင်စီ စစ်သားတစ်ဦး ရောက်ရှိလာသည်ဟု ဆိုသည်။
“အဲ့စစ်သားပြောတာကတော့ သူတို့တောထဲရောက်နေပြီး ထမင်းမစားရတာ ၈ရက်လောက်ကြာပြီလို့ပြောတယ်။ ဌက်ပျောဖူးတွေပဲရှာစားတယ်လို့ပြောတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

လက်ရှိအချိန်တွင် အလောဘွမ်ဘက် တိုက်ပွဲသံ ငြိမ်နေကြောင်း သိရသည်။

ယနေ့နံနက် မြစ်ကြီးနားမြို့ – ဖားကန့်လမ်းက နမ့်ယား​ကျေးရွာအနီးတွင် တိုက်ပွဲငယ် ဖြစ်ပွားခဲ့ည်ဟု သိရသည်။
ဧပြီလ ၁၃ရက်နေ့တွင်လည်း ကချင်ပြည် ​နေရာသုံးနေရာတွင် စစ်ကောင်စီ ယာဉ်တန်းများ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here