အရေးပေါ် အကူအညီတောင်းခံမှုကြောင့် သာကေတဘက်မှ အိမ်ခြေ (၁၀၀)စာကိုဆန်၊ဆီ၊ကြက်သွန်၊ကိတ်ခြောက် များ လှူဒါန်း​ပေးခဲ့တဲ့ခိုင်နှင်းဝေ

78

ပရိသတ်ကြီးရေခိုင်နှင်းဝေကတော့ပရဟိတမင်းသမီးတစ်လက်လို့ပရိသတ်တွေ သတ်မှတ်ထားတဲ့အတိုင်း ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကို ဦးစီးတည်ထောင်ကာ မိဘမဲ့ကလေးတွေကို သူမရဲ့ရင်သွေးလေးတွေသဖွယ် ကူညီစောင့်ရှောက်နေတဲ့ ချီးကျူးလေးစားဖွယ်မင်းသမီးတစ်လက်ပါ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် စွန့်ပစ်ခံရတဲ့ ကလေးတွေအတွက် အတတ်နိုင်ဆုံးကာကွယ် ခေါ်ယူစောင့်ရှောက်လျက်ရှိနေတဲ့သူလို့လည်းဆိုရမှာပါ။

အမြဲလိုလိုပရဟိတအလုပ်တွေဆက်တိုက်လုပ်ကာ အလှူအတန်းရက်ရောလွန်းတဲ့ ခိုင်နှင်းဝေကတော့ဒီနေ့မှာ” အရေးပေါ် အကူအညီတောင်းလာတဲ့ သာကေတဘက်မှ အိမ်ခြေ (၁၀၀)စာကို ဂေဟာမှာ ရှိတဲ့ ဆန်၊ဆီ၊ကြက်သွန်၊ကိတ်ခြောက် များ ခွဲဝေ လှူဒါန်းပေးခဲ့ပါတယ်..ခုနှစ်ရက် သားသမီးများ စုပေါင်းပြီး လှူဒါန်း မှု အစုစုတို့အား သာဓု သာဓု ခေါ်ဆို၍ ထပ်တူ ကုသိုလ်ပွားများနိုင်ကြပါစေရှင် ဆိုတဲ့စာလေးနဲ့ လှူဒါန်းမှုပုံရိပ်တွေကိုမျှဝေခဲ့တာပါ။

လူကိုယ်တိုင်သွားရောက်ကာ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခဲ့တဲ့ပုံရိပ်တွေကိုကြည့်ပြီးမြင်သူတိုင်းက ကျေနပ်ပီတိဖြစ်ကာမုဒိတာပွားနေကြတာအမှန်ပါပဲနော်။ပရိသတ်ကြီးလည်း ခိုင်နှင်းဝေရဲ့အလှူအတွက်သာဓုခေါ်ခဲ့ပါဦးနော်။

LEAVE A REPLY

Please enter your comment!
Please enter your name here