အမေဖြစ်သူအတွက် သောက်ရေခပ်ပေးဖို့ အိမ်အပြင်အထွက်မှာ ပစ်ခံလိုက်ရတဲ့ ၁၅ နှစ်အရွယ် မောင်ထွန်းထွန်းအောင်

162

မန္တလေးမြို့၊ ချမ်းမြသာစည်ရပ်ကွက်မှာ အမေဖြစ်သူအတွက် သောက်ရေခပ်ပေးဖို့ အိမ်အပြင်အထွက်မှာ အသက် ၁၅ နှစ်အရွယ် မောင်ထွန်းထွန်းအောင် သေနတ်ကျည်ဆန်ထိမှန်သေဆုံးခဲ့ပါတယ်။

မောင်ထွန်းထွန်းအောင်တို့ မိသားစုဟာ ဖခင်မရှိပါဘူး။

မိခင်ဖြစ်သူနဲ့ ညီအစ်ကို သုံးယောက်တို့ စုပေါင်းပြီး ချမ်းမြသာစည်မြို့နယ် ၅၁ လမ်း ၁၁၇ B လမ်းက ကျူးကျော်တဲမှာ အလှူရှင်လှူဒါန်းပေးထားတဲ့ ကျူးကျော်တဲမှာ နေထိုင်ကြသူတွေပါ။

၈ တန်းတက်နေသူဖြစ်ပြီး ကျောက်ပိတ်ရက်မှာ ကျောက်သွေးလုပ်ငန်း လုပ်ကိုင်ပြီး မိသားစုကို လုပ်ကိုင်ကျွေးနေတဲ့ ကလေးငယ်တစ်ယောက်လည်းဖြစ်ပါတယ်။

ချမ်းမြသာစည်မြို့နယ်အတွင်းက အောင်သာယာ၊ အောင်ပင်လယ်၊ သင်ပန်းကုန်းနဲ့ မြရည်နန္ဒာရပ်ကွက်အတွင်းကို မတ် ၂၁ ရက်၊ မနေ့မနက်က စတင်ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်နေပြီး ဒီကနေ့ တစ်ရက်ထဲမှာ သေဆုံသူ လေးယောက် ရှိသွားပါပြီ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here