အမေရိကန်ရေတပ်က ပင်လယ်နက်ဒေသသို့ တတိယမြောက် ဖျက်သင်္ဘော စေလွှတ်

253

အမေရိကန်ရေတပ်က မဟာဗျူဟာမြောက် အရေးပါသောဒေသဖြစ်သည့် ပင်လယ်နက်ဒေသ၌

အင်အား တိုးချဲ့မှုအဖြစ် တတိယမြောက် စစ်သင်္ဘောတစ်စင်း စေလွှတ်လိုက်ကြောင်း သိရသည်။

ဖျက်သင်္ဘော ယူအက်စ်အက်စ်ပေါ်တာက ဇန်နဝါရီလ ၂၈ ရက်တွင် ပုံမှန်ကင်းလှည့်မှုတစ်ခုအဖြစ်

ပင် လယ်နက်အတွင်း ဝင်ရောက်လာခဲ့ပြီး ဖျက်သင်္ဘော ယူအက်စ်အက်စ်ဒေါ်နယ်ကွတ်၊

ဆီဖြည့်ရေယာဉ် ယူအက်စ် အန်အက်စ် လာရာမီတို့နှင့် ပူးပေါင်းလိုက်ကြောင်း

အမေရိကန်ရေတပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောသည်။

သုံးနှစ်အတွင်း ပင်လယ်နက်ဒေသ၌ အင်အားအများဆုံး ဖြန့်ကြက်ခြင်းဖြစ်ကာ

သမ္မတ ဂျိုးဘိုင်ဒင်က ရု ရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဖုန်းဖြင့်ဆွေးနွေးပြီးနောက် စစ်သင်္ဘော စေလွှတ်ခြင်းဖြစ်သည်။

အဆိုပါဖျက်သင်္ဘော ပင်လယ်နက်အတွင်း ဝင်ရောက်လာမှုက နေတိုးမဟာမိတ်များ၊

မိတ်ဖက်များနှင့်အ တူ ဒေသတွင်း လုံခြုံရေးနှင့်တည်ငြိမ်ရေးအတွက် အမေရိကန်နိုင်ငံ၏

စဉ်ဆက်မပြတ်သော ကတိကဝတ်ဖြစ်သည် ဟု ရေတပ်မှ တပ်မှူး သောမတ်ရယ်စ်တန်က ပြောသည်။

ပင်လယ်နက်ဒေသက ရုရှားနိုင်ငံက ခရိုင်းမီးယားဒေသကို သိမ်းပိုက်ပြီးနောက်

မေရိကန်နိုင်ငံနှင့် ရု ရှားတို့အတွက် မဟာဗျူဟာအရ အရေးပါသောဒေသဖြစ်လာခဲ့သည်။

နေတိုးအဖွဲ့ဝင် တူရကီ၊ ရိုမေးနီးယား၊ ဘူလ်ဂေးရီးယားအပြင် ယူကရိန်းနှင့် ဂျော်ဂျီယာနိုင်ငံတို့က

ပင် လယ်နက်ဒေသ၌ နယ်နိမိတ်ထိစပ်နေသည့်အပြင် နေတိုးအဖွဲ့နှင့်ပူးပေါင်းရန် စိတ်ဝင်စားမှု ပြသခဲ့သည်။

ပင်လယ်နက်ဒေသသို့ အမေရိကန်စစ်ရေယာဉ် စေလွှတ်မှုကို ရုရှားနိုင်ငံက

မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့ပြီး ခရိုင်းမီးယားဒေသ၌ ရွေ့လျားသင်္ဘောဖျက်စနစ် ဖြန့်ကြက်လိုက်သည်။

Ref; People Media

LEAVE A REPLY

Please enter your comment!
Please enter your name here