အမေစုသားရဲ့ ရင်တွင်းစကား ရင်ထဲကိုနင့်သွားတယ် ကင်မ် ရယ်

195

အမေ အဆင်ပြေမှ အမေရှိရာ တိုင်းပြည် သား လာခဲ့ရင်တမျိုးတမြည် အပြော ခံရနိုင်ပါတယ်အမေ ဘာလုပ်လုပ်
အပြစ် မြင်တတ်တဲ့ လူတစ်စု ကပိုပြီးလည်း အပြစ်မြင်မှာ စိုးတယ်ဒါကြောင့်လည်းသားရှိတဲ့ တိုင်းပြည် ရောက်လာမှ
အမေရှိရာ ဟိုတယ်ကို

သားနဲ့ အမေ့ မြေးလေးတွေ လာတွေ့ပါတယ်ကိုယ်ပိုင်ကားကြီး နဲ့ မဟုတ်ဘူးဘတ်စ်ကား စီးလာတာပါ အမေရယ်ထင်ပေါ် ကျော်ကြားမဲ့အင်တာဗျူး မျိုးတွေဆိုသားရှောင်ပါတယ် အမေသား စကားမှားရင်အမေ့ ပုံရိပ် ထိခိုက်မှာ စိုးလို့ပါလူလိမ္မာ သားဆိုတာ ယဉ်ပါးရမယ်မဟုတ်လား အမေရယ်၁၂ နှစ်သား ကတည်း ကအမေက ဂရုမစိုက်နိုင် ခဲ့တော့သား ပညာရေးလည်း သိပ်မကောင်းခဲ့လို့ကုမ္ပဏီကြီးတွေလဲ သား မပိုင်ပါဘူးအမေ

သားအလုပ်က လက်လှုပ်မှပါးစပ် လှုပ်ရတဲ့ လက်သမားပါ အမေဟောဒီ လက်နှစ်ဖက်နဲ့အမေ့ မြေးတွေကို လုပ်ကျွေးခဲ့တာပေါ့စိတ်မာသူ အမေကလေဟိုအဝေးကဆင်းရဲတဲ့ တိုင်းပြည်လေး အတွက်သားတို့ နဲ့ ခွဲနေရဦးမယ် ဆိုတော့၁၂ နှစ်သားလေးမှာ ဘယ်ခံစားနိုင်မှာလဲဘဝရဲ့ အပျံသင်စဆယ်ကျော်သက် အရွယ်ထဲက ရုန်းကန်ရတာ ကြမ်းတမ်းခဲ့ပါတယ် အမေရယ်ဒါပေမဲ့လည်းဟိုအဝေး ဆင်းရဲတဲ့ တိုင်းပြည်လေးမှာကသားနဲ့ အမေ့လိုပဲ ကွဲကွာရတဲ့မိသားစုတွေ ရှိနေတယ်သေကွဲစတေးရတဲ့မိသားစုတွေ ရှိခဲ့တယ်စစ်ပွဲတွေ ဆင်းရဲ မွဲတေမှု့တွေ ရှိတယ်ဖိနိုပ် ချုပ်ချယ်မှူတွေ ရှိတယ်ဒီအနိဌာရုံတွေ ရပ်ဖို့အမေ တိုက်ပွဲဝင် နေရမှန်း သိတော့ကင်မ် ဆိုတဲ့လူငယ် တစ်ယောက်ရဲ့နှလုံးသားကိုလည်းအမေ့ တိုင်းပြည် အတွက် စတေးခဲ့ရတာပေါ့

အမေ့ တိုင်းပြည် ကောင်းစားမယ်ဆိုသားတို့ မျိုးရိုး ရဲ့ကျိန်စာ သင့်သမျှကျေနပ်ပါတယ် အမေရယ်သားအချစ် မြေးအနှစ်တဲ့ အမေသားကို ပစ်ထားခဲ့ပေမယ့်အမေ့ရဲ့ မြေးလေးတွေ ကိုတော့စကားတွေ ပြောပါဦးပွေ့ပါ ချီပါ ဖက်ပေးပါဦး အမေအမေ နဲ့ အဖိုးအကြောင်းအိပ်ရာဝင် ပုံပြင်တွေ သားပြောပြခဲ့လို့သူတို့ သိနေကြတယ် အမေအမေ လန်ဒန် ရောက်တာလည်း သိကြတော့ဟောဒီ က အမေ့ မြေးလေးတွေလည်းတွေ့ချင် ကြရှာတယ်လေသား မရခဲ့တဲ့အမေ့ဆီက မေတ္တာတွေကိုသူတို့လေးတွေကို ရစေချင်တာပါ အမေရယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here