အဒေါ် ဖြစ်သူ အကယ်ဒမီ မင်းသမီးကြီး ဒေါ်မြင့်မြင့်ခိုင်ရဲ့မွေးနေ့လေးကို ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ခိုင်နှင်းဝေ

112

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးချော ခိုင်နှင်းဝေ ကတော့ဒီနေ့ စက်တင် ဘာလ ၂၈ ရက်နေ့မှာ မွေးနေ့ကျရောက်တဲ့ အဒေါ် ဖြစ်သူဒေါ်မြင့်မြင့်ခိုင် ရဲ့ မွေးနေ့လေး အတွက် မွေးနေ့ဆုမွန်ကောင်း တောင်းပေး လာခဲ့ပါတယ်။

ဒေါ်မြင့်မြင့်ခိုင် ကလည်း လက်ရှိမှာ အနုပညာအလုပ်တွေ မလုပ်ကိုင်တော့ ပေမဲ့တစ်ခေတ် တစ်ခါ က နာမည်ကြီးပြီး သရုပ်ဆောင် ပီပြင် လွန်းလှတာကြောင့်ထပ်ဆင့် အကယ်ဒမီ ဆုတွေကိုပါ ရရှိထားတဲ့ပရိသတ် အချစ်တော် မင်းသမီးကြီး ဖြစ်တာနဲ့အညီ ယနေ့တိုင် ပရိသတ် ချစ်ခင်နေရတဲ့ အနုပညာရှင် တစ်ယောက်ပါ။

ဒီနေ့မှာ ကျရောက်တဲ့ ဒေါ်မြင့်မြင့်ခိုင်ရဲ့ မွေးနေ့အတွက်ကို ခိုင်နှင်းဝေကHappy Birthday ကြီးတော်ကြီး မိခင်ရင်း ကဲ့သို့ ချစ်ရပါတဲ့ ကျွန်မရဲ့ ဒုတိ ယ မေမေမေကြူ ချစ်တဲ့ မိသားစုနဲ့ နှစ်ပေါင်းများစွာ သက်ရှည်အနာမဲ့ ကျန်းမာစွာ နေထိုင်နိုင်ပါစေဆိုပြီး မွေးနေ့ ဆုမွန်ကောင်း တောင်းပေး ခဲ့တာပဲဖြစ်ပါတယ်။

အနုပညာရှင် မောင်နှမတွေ ကလည်း ခိုင်နှင်းဝေရဲ့ Post အောက်မှာသူတို့ လေးစား အားကျခဲ့ရတဲ့ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး ဒေါ်မြင့်မြင့်ခိုင်ရဲ့မွေးနေ့ အတွက် ဆုမွ။န်ကောင်းတွေ တောင်းပေးနေကြပါသေးတယ်။ပရိသတ်ကြီးတွေလည်း ဒေါ်မြင့်မြင့်ခိုင်ရဲ့မွေးနေ့အတွက် ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြပါဦးနော်။

LEAVE A REPLY

Please enter your comment!
Please enter your name here