အိုလံပစ္အေလးမေ႐ႊတံဆိပ္ဆုရွင္ရဲ႕ ဓာတ္ပုံေၾကာင့္ အႀကီးအက်ယ္ေဒါသထြက္ေနတဲ့ တ႐ုတ္

84

Reuter သတင္းဌာနက ေဖာ္ျပခဲ့တဲ့ တ႐ုတ္အေလးမအားကစားမယ္ Hou Zhihui ရဲ႕ ဓာတ္ပုံနဲ႔ပတ္သက္ၿပီး တ႐ုတ္သံအမတ္ေတြက ျပစ္တင္ေဝဖန္မႈေတြျပဳလုပ္ခဲ့ၾကတယ္လို႔ သိရပါတယ္။

တ႐ုတ္အတြက္ အေလးမအားကစားနည္းကေန ေ႐ႊတံဆိပ္ဆြတ္ခူးေပးခဲ့တဲ့ Hou Zhihui ရဲ႕ ဓာတ္ပုံမွာ ႐ုပ္ဆိုးလြန္းၿပီး သတင္းဌာနအေနနဲ႔ တမင္ေ႐ြးခ်ယ္ေဖာ္ျပခဲ့တာလို႔ သီရိလကၤာဆို္င္ရာတ႐ုတ္သံ႐ုံးက တြစ္တာမွာ ေရးသားခဲ့ပါတယ္။

“ၿပိဳင္ပြဲဓာတ္ပုံအမ်ားႀကီးရွိပါတယ္၊ Reuters က ဒီဓာတ္ပုံကိုပဲ ေ႐ြးခ်ယ္ခဲ့ပါတယ္၊ သူတို႔ဘယ္ေလာက္ထိ ႐ုပ္ဆိုးလဲဆိုတာကိုအားလုံးသိေအာင္ေပါ့” လို႔ တ႐ုတ္သံ႐ုံးက ေရးသားခဲ့ပါတယ္။

Hou ဟာ အမ်ိဳးသမီး ၄၉ ကီလိုတန္းမွာ ေ႐ႊတံဆိပ္ဆုရရွိခဲ့တာျဖစ္ၿပီး တ႐ုတ္သံအမတ္ေတြ ၀ိုင္းဝန္းေျပာဆိုမွသာ လူအမ်ားသတိထားစရာျဖစ္ခဲ့ရၿပီး ငိုအားထက္ရယ္အားသန္ခဲ့ရပါတယ္။

“အားကစားအထက္မွာ ႏိုင္ငံေရးနဲ႔ အေတြးအေခၚေတြကို ထားဖို႔မေကာင္းပါဘူး၊ ကိုယ့္ကိုကိုယ္ ဘက္မလိုက္တဲ့ မီဒီယာအဖြဲ႕အစည္းတစ္ခုလို႔လည္း မသတ္မွတ္ပါနဲ႔၊ တကယ္ကို အရွက္မရွိတာပါ” လို႔ တ႐ုတ္သံ႐ုံးက ထပ္မံေရးသားခဲ့ပါတယ္။

Reuters က ေဖာ္ျပခဲ့တဲ့ ဓာတ္ပုံဟာ Hou ၿပိဳင္ပြဲဝင္ေနစဥ္ ႐ိုက္ကူးထားခဲ့တာျဖစ္ၿပီး အားမာန္အျပည့္ထည့္ကာ မ်က္ႏွာသြင္ျပင္ကလည္း စိတ္အားထက္သန္မႈနဲ႔ အင္အားစိုက္ထုတ္ေနမႈကို ထင္ဟပ္ေနတာျဖစ္ပါတယ္။

တနဂၤေႏြေန႔မွာေတာ့ တ႐ုတ္အစိုးပိုင္ Global Times သတင္စာကလည္း အျငင္းပြားဖြယ္ရာဓာတ္ပုံနဲ႔ပတ္သက္ၿပီး ေရးသားေဖာ္ျပမႈေတြျပဳလုပ္ခဲ့ပါတယ္။

အေနာက္တိုင္းမီဒီယာအဖြဲ႕အစည္းေတြက တရားမွ်တမႈမရွိစြာနဲ႔ တ႐ုတ္ကိုပစ္မွတ္ထားေနၿပီး အိုလံပစ္ၿပိဳင္ပြဲသတင္းေတြကို ေရးသားေဖာ္ျပေနတယ္လို႔ Global Times က ေဖာ္ျပခဲ့ပါတယ္။

ဆုေပးပြဲအခမ္းအနားမွာေတာ့ Hou ဟာ ကိုဗစ္စည္းကမ္းေတြအရ ႏွာေခါင္းစည္းတပ္ဆင္ကာ ဆုကိုလက္ခံရယူခဲ့တာကို ေတြ႕ျမင္ခဲ့ရပါတယ္။

ဒါ့အျပင္ ဂ်ပန္ႏိုင္ငံတိုက်ိဳမွာ က်င္းပေနတဲ့ အိုလံပစ္ၿပိဳင္ပြဲဖြင့္ပြဲမွာ သတင္းဌာနေတြက တ႐ုတ္ႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာပိုင္မႈကို ေစာ္ကားခဲ့တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက စြတ္စြဲကန႔္ကြက္ခဲ့ပါေသးတယ္။

ဖြင့္ပြဲေန႔က ႏိုင္ငံအလိုက္ အလံကိုင္ခ်ီတက္ပြဲမွာ အေမရိကန္႐ုပ္သံသတင္းဌာန NBC က တ႐ုတ္ႏိုင္ငံခ်ီတက္ေနခ်ိန္မွာ တ႐ုတ္အစိုးရရဲ႕ လူ႔အခြင့္အေရခ်ိဳးေဖါက္မႈေတြကို ေျပာသြားသလို တ႐ုတ္ႏိုင္ငံေျမပုံမွာ တိုင္ဝမ္ကြၽန္းကို ထဲ့သြင္းမထားပဲ ျပသသြားတာေၾကာင့္လို႔ ဆိုပါတယ္။

Unicode

Reuter သတင်းဌာနက ဖော်ပြခဲ့တဲ့ တရုတ်အလေးမအားကစားမယ် Hou Zhihui ရဲ့ ဓာတ်ပုံနဲ့ပတ်သက်ပြီး တရုတ်သံအမတ်တွေက ပြစ်တင်ဝေဖန်မှုတွေပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

တရုတ်အတွက် အလေးမအားကစားနည်းကနေ ရွှေတံဆိပ်ဆွတ်ခူးပေးခဲ့တဲ့ Hou Zhihui ရဲ့ ဓာတ်ပုံမှာ ရုပ်ဆိုးလွန်းပြီး သတင်းဌာနအနေနဲ့ တမင်ရွေးချယ်ဖော်ပြခဲ့တာလို့ သီရိလင်္ကာဆို်င်ရာတရုတ်သံရုံးက တွစ်တာမှာ ရေးသားခဲ့ပါတယ်။

“ပြိုင်ပွဲဓာတ်ပုံအများကြီးရှိပါတယ်၊ Reuters က ဒီဓာတ်ပုံကိုပဲ ရွေးချယ်ခဲ့ပါတယ်၊ သူတို့ဘယ်လောက်ထိ ရုပ်ဆိုးလဲဆိုတာကိုအားလုံးသိအောင်ပေါ့” လို့ တရုတ်သံရုံးက ရေးသားခဲ့ပါတယ်။

Hou ဟာ အမျိုးသမီး ၄၉ ကီလိုတန်းမှာ ရွှေတံဆိပ်ဆုရရှိခဲ့တာဖြစ်ပြီး တရုတ်သံအမတ်တွေ ၀ိုင်းဝန်းပြောဆိုမှသာ လူအများသတိထားစရာဖြစ်ခဲ့ရပြီး ငိုအားထက်ရယ်အားသန်ခဲ့ရပါတယ်။

“အားကစားအထက်မှာ နိုင်ငံရေးနဲ့ အတွေးအခေါ်တွေကို ထားဖို့မကောင်းပါဘူး၊ ကိုယ့်ကိုကိုယ် ဘက်မလိုက်တဲ့ မီဒီယာအဖွဲ့အစည်းတစ်ခုလို့လည်း မသတ်မှတ်ပါနဲ့၊ တကယ်ကို အရှက်မရှိတာပါ” လို့ တရုတ်သံရုံးက ထပ်မံရေးသားခဲ့ပါတယ်။

Reuters က ဖော်ပြခဲ့တဲ့ ဓာတ်ပုံဟာ Hou ပြိုင်ပွဲဝင်နေစဉ် ရိုက်ကူးထားခဲ့တာဖြစ်ပြီး အားမာန်အပြည့်ထည့်ကာ မျက်နှာသွင်ပြင်ကလည်း စိတ်အားထက်သန်မှုနဲ့ အင်အားစိုက်ထုတ်နေမှုကို ထင်ဟပ်နေတာဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာတော့ တရုတ်အစိုးပိုင် Global Times သတင်စာကလည်း အငြင်းပွားဖွယ်ရာဓာတ်ပုံနဲ့ပတ်သက်ပြီး ရေးသားဖော်ပြမှုတွေပြုလုပ်ခဲ့ပါတယ်။

အနောက်တိုင်းမီဒီယာအဖွဲ့အစည်းတွေက တရားမျှတမှုမရှိစွာနဲ့ တရုတ်ကိုပစ်မှတ်ထားနေပြီး အိုလံပစ်ပြိုင်ပွဲသတင်းတွေကို ရေးသားဖော်ပြနေတယ်လို့ Global Times က ဖော်ပြခဲ့ပါတယ်။

ဆုပေးပွဲအခမ်းအနားမှာတော့ Hou ဟာ ကိုဗစ်စည်းကမ်းတွေအရ နှာခေါင်းစည်းတပ်ဆင်ကာ ဆုကိုလက်ခံရယူခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံတိုကျိုမှာ ကျင်းပနေတဲ့ အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲမှာ သတင်းဌာနတွေက တရုတ်နိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်မှုကို စော်ကားခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စွတ်စွဲကန့်ကွက်ခဲ့ပါသေးတယ်။

ဖွင့်ပွဲနေ့က နိုင်ငံအလိုက် အလံကိုင်ချီတက်ပွဲမှာ အမေရိကန်ရုပ်သံသတင်းဌာန NBC က တရုတ်နိုင်ငံချီတက်နေချိန်မှာ တရုတ်အစိုးရရဲ့ လူ့အခွင့်အရေချိုးဖေါက်မှုတွေကို ပြောသွားသလို တရုတ်နိုင်ငံမြေပုံမှာ တိုင်ဝမ်ကျွန်းကို ထဲ့သွင်းမထားပဲ ပြသသွားတာကြောင့်လို့ ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here