ကိုယ့်နိုင်ငံရဲ့ တပ်မတော်ဆိုတော့ သံယောဇဉ် အားကိုးလေးက ရှိခဲ့တာအမှန်ပဲ

238

ကိုယ့်နိုင်ငံရဲ့ တပ်မတော်ဆိုတော့ သံယောဇဉ် အားကိုးလေးက ရှိခဲ့တာအမှန်ပဲ။

” ဩော်! တပ်ချုပ်ကြီးမကောင်းတာပါအေ” လို့

ပြန်ကြည့်မိတော့ သူ့အောက်မှာလည်း လူစိတ်ရှိတဲ့ လူကြီး တစ်ယောက်မှ မတွေ့။

“ဪ! အကြီးတွေပဲ လောဘဇောတိုက်တာပါအေ” ဆိုတော့ အလတ်တွေကလည်း စောက်တလွဲ။

“ဪ! အလတ်လောက်ပဲ ရာထူးမက်တာပါအေ” ဆိုတော့ အောက်ခြေက အငယ်ဆုံးတွေအထိ ပြည်သူ့အသက် သတ်ရလို့ပျော်နေတာ။ ကိုယ်ချင်းစာစိတ် မိသားစုစိတ် မတွေ့ရ။

“ဪ! လူတွေပဲ မကောင်းတာပါ” ဆိုပြီး မူကို ကြည့်တော့ တပ်ထဲမရှိဘဲ လွှတ်တော်ထဲ ရောက်နေကြတာ။

“ဪ! လူရယ် မူရယ်ပါပဲမကောင်းတာနေမှာလေ” လို့ ကျင့်ဝတ်လေးကို ကြည့်မိတော့ လူနာတင်ယာဉ်ရော၊ ဗိုက်ကြီးသည်ရော၊ ကလေးရော၊ ကြက်ခြေနီရော အကုန်ဖမ်း အကုန်သတ် စစ်စည်းကမ်းကောင်းပုံများ ။

“ဪ! တိုက်ရည် ခိုက်ရည်လေးတော့ ကောင်းမှာပါ ” ဆိုတော့ လက်နက်မဲ့ပြည်သူကို ဂျောင်ထဲက ချောင်းပြီး သေနတ်နဲ့ပစ်သတ်တယ်။ ကားနဲ့ တိုက်သတ်တယ်။ ရိုက်သတ်တယ်။ လည်ပင်းကို ကြိုးနဲ့ညှစ်သတ်တယ်။ အိပ်ချိန်မှာ ဖမ်းခေါ် ညှင်းပန်းသတ်တယ်။

“ဪ! ဗျူဟာမှာများ ပညာသားများပါလား”

ဆိုတော့ သူများတွေတိုက်တော့မယ်ကြားရော

တရုတ်ကို ပြေးယက်လိုက်၊ ထိုင်းပြေးဖက်လိုက် ၊

မပစ်ရ အဆောက်အဦးတွေ ၊ စာသင်ကျောင်းတွေ ၊

ဆေးရုံဝင်းတွေထဲ တပ်ဝင်စွဲလိုက်နဲ့ ဗျူဟာက ဖွတ်ချေးအောက်တန်းစား ။

“ဪ! လူဖြောင့် စိတ်တိုကြီးတွေနေမှာပါ” ဆိုတော့

လိမ်လိုက်တာ၊ ညာလိုက်တာ မျက်နှာပြောင်တာ တစ်ခုမှ အမှန်မပြော ဗြောင်လိမ် ဗြောင်စား။

“ဪ စစ်သားတွေပါပဲကွာ၊ သူတို့မိသားစုတွေ ဒီလိုမဟုတ်ရှာပါဘူး” လို့ ပြောရအောင်လည်း အသိပညာမဲ့ကြတဲ့ ကက်

ကက်လန် အောက်တန်းစားမိသားစုတွေက ပြည်သူတွေကိုသတ်ရလို့ အောင်ပွဲခံနေတာ၊ မြေပြင်မှာရော အွန်လိုင်းမှာရော

ပြည်သူကို နှုတ်လှန်ထိုး ရိုင်းစိုင်းနေကြတာ၊ သူ့လင် လူသတ်သမားတွေကို ကို သူရဲကောင်းတွေလို ဂုဏ်ဆာနေတာ။

ကဲ …… အဲ့ဒါ မင်းတို့က ဘယ်နားမှာ ပြည်သူ့တပ်မတော်လဲ ပြောပါဦး။

ငါတို့က မင်းတို့ရဲ့ ဘယ်အချက်ကို လေးစားရမလဲ။ မင်းတို့အတွက် ဘာကို နှမြောနေရမှာလဲ။

ဒီလို စိတ်ဓာတ်နဲ့ လုပ်ရပ်နဲ့ စစ်တပ်မျိုး ကတော့ ငါတို့ တိုင်းပြည်အတွက် မရှိလေ ကောင်းလေပဲ။

Credit

LEAVE A REPLY

Please enter your comment!
Please enter your name here