အားလုံးကို မျက်ရည်ကျစေခဲ့တဲ့ ဖခင်ဖြစ်သူ ဦးဇင်ဝိုင်းအတွက် မင်းမော်ကွန်း ရေးတဲ့စာလေး

175

မင်္ဂလာပါ ပရိသတ်ကြီးရေ စာဖတ်သူချင်တာလေးကတော့ အကိုဖြစ်သူသရုပ်ဆောင် မင်းသား မင်းမော်ကွန်းနှင့် ဖခင် သရုပ်ဆောင် မင်းသား ဇင်ဝိုင်းကို စိတ်ပူပြီး ရင်တွင်း စကားတွေ ပြောပြလာတဲ့ ပြောစကားတွေ ဖြစ်ပါတယ်။

သရုပ်ဆောင် မင်းသား မင်းမော်ကွန်းနှင့် သရုပ်ဆောင် မင်းသား ဇင်းဝိုင်းဟာမသမာသူတွေ မတရား အာဏာရယူချိန် ထဲက ပြည်သူတွေနဲ့ အတူ တသားထဲတိုက်ပွဲ ဝင်နေသူလဲ ဖြစ်ပါတယ် ဒီလို ပြည်သူဘက်တော်သား ဖြစ်တဲ့အတွက်ဖမ်းဝရမ်း ထုတ်ခံ ထားရသူတွေလဲ ဖြစ်ပါတယ် မင်းမော်ကွန်းဟာ ဖမ်းဝရမ်း ထုတ်ခံထားရ သော်လဲတိုင်ပွဲဝင် အားကို မလျော့ပဲ ဆက်လက် တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။ဒီလို တိုက်ပွဲဝင်နေတဲ့ ကြားက ဖခင်ကြီး အတွက်လဲ စိတ်မအေး ဖြစ်နေရ ရှာပါတယ်မင်းမော်ကွန်း စိတ်ပူမယ် ဆိုလဲ ပူစရာပါပဲ သရုပ်ဆောင်ကြီး ဇင်ဝိုင်းဟာအသက် ကြီးလာသော် တိုင်းပြည်ရဲ့ တာဝန်ကို ပြည်သူနဲ့အတူ တက်တက်ကြွကြွ ပါဝင်နေဆဲ ဖြစ်ပါတယ်မင်းမော်ကွန်းဟာ သူ့အဖေကို စိတ်ပူလို့ နေသလိုသူ့ညီ ဟာလဲ ဖခင်အတွက် အခုလို အဝေး တနေရာကနေ စားလေးရေးလိုက်ပါတယ်။

သို့ အဖေ သားလေ အဖေ့သား ဖြစ်ရတာ သိပ်ဂုဏ်ယူတာပဲ ကိုယ်မှန်တယ် ထင်ရင်ဘာမဆို လုပ်ရဲတဲ့ စိတ်ဓါတ် ဘာကိုမှ ဂရုမစိုက်ဘဲ အမှန်တရား အတွက်ဆိုရှေ့တန်း ထွက်ရဲတဲ့ သတ္တိ ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး သားစိတ်တွေ အရမ်းပူနေခဲ့ပါတယ်မရယ်နိုင် မပြုံးနိုင် လောက်အောင်ပါပဲ အဖေနဲ့ ကိုကို တခုခု ဖြစ်မှာ သိပ်ကိုစိုးရိမ်တယ်။ဒါပေမဲ့ အဖေနဲ့ ဖုန်းပြောပြီးတဲ့ အချိန်ကစပြီး သားမှာ စိုးရိမ်စိတ်တွေ မရှိတော့ဘူးအဖေ အဲဒီနေ့က အဖေ့ မျက်လုံးထဲမှာ သိပ်ကို ပြတ်သားတဲ့ အရိပ်အယောင်တွေကို မြင်လိုက်ရတယ်အမှန်တရားက လွဲရင် ဘယ်ဟာမှ အရေးမကြီးဘူး ဆိုတာ သိလိုက်ရတယ်အဖေ အမှန်တရား အတွက် လုနေတယ် ဆိုတာကိုလည်း ပိုပြီး သိလိုက်ရပါတယ်အဖေ ပင်ပန်းနေပြီ နောက်နေ့ တစ်ရက်တော့ နားလိုက်ပါဦး ဆိုတာကို အေးပါ အေးပါဆိုပြီး။

ညနေပိုင်းကို ရအောင် ထွက်သေးတယ် နော် အဖေအသက်ကြီးပြီ အဖေ ၈၈ တုန်းကလည်း အဖေ ဒုက္ခမျိုးစုံနဲ့ ပေးဆပ်ခဲ့ ပြီးပါပြီ အခုအချိန်မှာ အဖေ ဝင်မပါလည်း ဘာမှမဖြစ်ပါဘူးလလူငယ်တွေ လုပ်ကြမှာပေါ့ သားတို့လုပ်ရမှာပေါ့ခေါင်းမာလိုက်တာ အဖေရေ အခုအချိန်မှာ သား အဖေတို့နဲ့ အတူ မရှိနိုင်တာကို ခွင့်လွှတ်ပါ အဖေသားလည်း အဖေ့ စိတ်ဓါတ်မျိုးတွေ ရှိချင်လိုက်တာ အဖေရယ် သားသာ အဖေ့ နေရာမှာဆိုရင် ဒီလို သတ္တိမျိုး မရှိနိုင်ပါဘူး အဖေ ကျန်းမာအောင် နေပေးပါအဖေ အားလုံး အဆင်ပြေသွားတဲ့ တစ်နေ့ ဒီပြဿနကြီး ပြီးသွားတဲ့ တစ်နေ့အဖေ ပြုံးနေတာလေး မြင်ချင်သေးတယ် အဖေ ချစ်တဲ့ လွမ်းတဲ့သား ဆိုပြီးတင်ထားတာကို မင်းမော်ကွန်းက အဖေနားပါ အဖေ သားတို့တောင် လူရော စိတ်ရော ပင်ပန်းနေတာအဖေဆို ပိုပင်ပန်းမှာ မပြောပေမယ့် သိနေလို့ပါ အဖေရယ် အဖေ့ကို အရင်လို ထပ်ပြီး။

နည်းပေါင်းစုံနဲ့ နှိပ်စက်တာ မခံစေချင်ပါဘူး သားတာဝန်ထားပါ အဖေ အမေ့ကိုပဲ စောင့်လျှောက်ပေးပါ အိမ်မှာ အဖေနဲ့သား တစ်ယောက်ယောက်တော့ ရှိနေမှ ဖြစ်မှာပါ ဆိုတဲ့ စာလေးရေးကာ ထပ်ဆင့် ရှယ်ထားတာ တွေ့ရပါတယ် ဒီစာသားလေး တွေရဲ့နောက်မှာ ဖခင် ဖြစ်သူ ဇင်ဝိုင်းရဲ့ တိုင်းပြည် ချစ်စိတ်ကို အထင်းသား မြင်နေရသလို သားဖြစ်သူ မင်းမော်ကွန်းရဲ့ သား ဆိုတာ အား ဆိုသလို ဖခင်လို တိုင်ပြည် ချစ်စိတ် အပြည့်ရှိနေတာ ဝမ်းသာဖွယ် တွေ့မြင်ရပါတယ် ဒါ့အပြင် တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေရင်းမိသားစုနှင့် ဖခင် အတွက်ရင်မအေး ဖြစ်နေပုံလေး မြင်ရတော့ မျက်ရည်ဝဲအောင်စိတ်မကောင်း ဖြစ်ရပါတယ် ဒီလို မိသားစု တကွဲတပြားဖြစ်ရတာတွေ ဒီမိုကရေစီ တိုက်ပွဲမှာကျဆုံးသွားတဲ့ အာဇာနည်တွေရဲ့ အဖြစ်တွေ အားလုံးရဲ့ တရားခံရတော့ မ အ လ ပင်ဖြစ်ပါတော့တယ် ခင်ဗျာ စာဖတ်သူအပေါင်း ဘေးဘယာ ဝေးကွာကြပါစေ။

LEAVE A REPLY

Please enter your comment!
Please enter your name here