အာဏာသိမ်းပြီး​နောက် မြန်မာစစ်တပ် တရားမဝင် သစ်ခိုးထုတ်​နေ

213

အာဏာသိမ်းပြီး​နောက် မြန်မာစစ်တပ် တရားမဝင် သစ်ခိုးထုတ်​နေဟု KNU ​ပြော

ရန်ကုန်၊ မတ် ၁၂

အာဏာသိမ်းစစ်ကောင်စီတပ်လက်အောက်ခံ တပ်ရင်း (ခလရ-၇၃) က အာဏာကို သုံးပြီး တရားမ၀င် သစ်များကို ပြောင်ပြောင်တင်းတင်းထုတ်လုပ် ​နေ​ကြောင်း KNU က သတင်းထုတ်ပြန်သည်။

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်၊ မယ်သရိုးခီးတွင် အာဏာ သိမ်းစစ်ကောင်စီတပ် လက်အောက်ခံ တပ်ရင်း (ခလရ-၇၃) က ခွင့်ပြုချက်မယူဘဲ စစ်အာဏာသုံးပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှစတင်၍ အခုအချိန်အထိ သစ်များကို တရားမ၀င် ပြောင်ပြောင် တင်းတင်း ထုတ်လုပ်​​နေကြောင်း သိရှိရသည်။

သစ်ထုတ်လုပ်သူများမှာ ကိုဖက်စခန်းထိုင်ဒုတပ်ရင်းမှူး ဟိန်းဇော်ဦးက ကား (၂) စီးနှင့် ကျောက်တောင်စခန်း (သေခေးမယ်စိုး) ဦးစီးသူ ဗိုလ်ကြီးကျော်ကိုကိုက ကားစီးရေ (၆) စီးနှင့် ခန့်မှန်း တန်ရေ စုစုပေါင်း တန် (၈၀) ကို တရားမ၀င် ထုတ်လုပ်​ကြောင်း KNU သတင်းနှင့်ပြန်ကြား​ရေးက သတင်းထုတ်ပြန်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here