အာဏာသိမ်းစစ်အုပ်စု တို့၏ စခန်းအား KIA တို့ ထပ်မံ သိမ်းပိုက်

360

မတ်၊၁၅

မြစ်ဆုံအထက်ပိုင်း အင်ဂျန်းယာန်မြို့နယ်၊ ဂွေထော်ကျေး‌ရွာတွင် တပ်မတော်နှင့် KIA တို့တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

အဆိုပါတိုက်ပွဲသည် ယနေ့ညနေပိုင်း (၅)နာရီ(၁၅) မိနစ်ခန့်တွင် စတင်ဖြစ်ပွားခဲ့ကြောင်း တန်ဖရဲကျေးရွာ ဒေသခံတစ်ဦးကပြောသည်။

တိုက်ပွဲကြောင့် တန်ဖရဲ ကက်သလစ်ဘုရားကျောင်းဝင်းသို့ လာရောက်စစ်ရှောင်သည့် ပြည်သူ (၅၀)ကျော်ရှိ‌နေကြောင်း အသင်းတော်မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

အင်ဂျန်းယန်မြို့နယ်, ဂွေထူ ကျေးရွာ နားရှိ ဂွေထူ post တွင် တပ်ထိုင်ထားသောစစ်အာဏာရူး တို့၏ တပ်စခန်းအား
KIA တပ်မဟာ ( ၁) , တပ်ရင်း ( ၄)တို့မှ ယနေ့ညနေ ၅ နာရီ ကျော်ခန့်တွင်လျှပ်တပြတ် ဝင်ရောက်၍ စခန်းကို
သိမ်းယူ ခဲ့ပါသည်။

မိမိတို့ ရဲ့ တပ်စခန်း တစ်ခု လက်လွတ် လိုက်ရပြီ ကို သိရှိလိုက် သော စစ်အုပ်စုတို့ အင်ဂျန်းယန် ဘက် မှ စစ်ကူ လာရာ
လမ်းတွင် KIA တို့မှ ထပ်မံ ၍ ဆီးကြိုတိုက်ခိုက်ခဲ့သောကြောင့် အာဏာသိမ်းစစ်အုပ်စုတို့မှ အကျအဆုံး လွန်စွာ များပြားခဲ့ကြောင်း သိရှိ ရပါသည် ။

” တန်ဖရဲဂိတ်က ဗိုလ်ကြီးကို ဖုန်းဆက်တော့ မပိတ်ဘူး အခုတော့လို့ပြောတယ်။ တစ်ချို့က ဆင်းသွားပြီ။ တစ်ချို့က ကျောင်းဝင်းမှာပဲ၊ တစ်ချို့က ကျေးရွာက ဘုရားကျောင်းဝင်းထဲတွေမှာ ရှောင်နေကြတယ်။” ဟု ၎င်းကပြောသည်။

မြစ်ဆုံတဖက်ကမ်း မလိယာန်ဘက်သို့ အခင်းသွားရောက်လုပ်ကိုင်သည့် ပြည်သူအချို့က ဝိုင်းမော်မြို့နယ်ဘက်တွင် စစ်ရှောင်နေကြောင်း သိရသည်။

ဧရာဝတီမြစ် မြစ်ဆုံအထက်ပိုင်းသည် KIA ၏ တပ်မဟာ-၁ တပ်ရင်း(၄/၇/၁၀/၂၂)၊ တပ်မဟာ-၇ တပ်ရင်း(၃၂/ ၃၃/၄၆) တို့အ‌​ခြေချသည့် နေရာဖြစ်ကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here