အာဏာသိမ်းစစ်တပ်ကို လုံခြုံရေးကောင်စီက ဒဏ်ခတ်အရေးယူဖို့ တရုတ်ကန့်ကွက်

144

မနေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေးမှာ မြန်မာအာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကို အရေးယူဒဏ်ခတ်ဖို့ တရုတ်နိုင်ငံက ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။

တဖက်သတ်ဖိအားပေးတာနဲ့ ပိတ်ဆို့အရေးယူတာ ဒါမှမဟုတ် တခြား အတင်းအကျပ်လုပ်ဆောင်တာတွေက တင်းမာမှုတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကို ပိုမိုဆိုးရွားစေရုံသာ ဖြစ်ပြီး အခြေအနေတွေ ပိုရှုပ်ထွေးစေလိမ့်မယ်လို့ ကုလဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jun ကပြောခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံအရေးနဲ့ ပတ်သတ်ပြီး အရေးပေါ်အစည်းအဝေးခေါ်ဖို့ ဗြိတိန်နိုင်ငံက တောင်းဆို လိုက်ပြီးနောက် မတ်လ ၃၁ရက်နေ့မှာ အဖွဲ့ဝင် ၁၅နိုင်ငံပါဝင်တဲ့ ကုလလုံခြုံရေးကောင်စီမှာ တံခါးပိတ်အစည်းအဝေးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရနာ ဘာဂနာကတော့ အကြမ်းဖက်စစ်အုပ်စုကို ချက်ချင်းအရေးဖို့နဲ့ လက်နက်တင်ပို့မှု တားမြစ်တာ အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ ရာဇဝတ်ကျူးလွန်မှုတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) မှာ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေအပေါ်အင်အားသုံးဖိနှိပ်မှုတွေ တိုးတာလာကြောင့် သွေးချောင်းစီးတဲ့ ဖြစ်ရပ်တွေနဲ့ ပြည်တွင်းစစ်ဖြစ်နိုင်ချေ မြင့်တက်နေတယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။

Ref – CBS News

LEAVE A REPLY

Please enter your comment!
Please enter your name here