အသက် ၇၀ ကျော်ရှိပြီဖြစ်သော်လည်း စားဝတ်နေရေးအတွက် လမ်းမပေါ်ထွက်၍ ဝက်သားကင်များ ရောင်းချနေရသေးသော ညီအစ်မနှစ်ဦး

125

အချို့သော ဈေးသည်များသည် ဝယ်သူဖောက်သည်များအပေါ်အမြတ်ကြီးမစားပဲ တကယ်စေတနာထားကာ ရောင်းချကြသည်။

သို့ဖြစ်၍ ထိုင်းနိုင်ငံမှ အသက် ၇၅နှစ်နှင့် ၇၃နှစ်အရွယ် အဖွားအိုနှစ်ဦးသည် ညီအစ် မရင်းချာတွေဖြစ်ပြီး လမ်းဘေးတွင် ဝက်သားကင်ရောင်းကာ အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။

အဖွားအိုနှစ်ဦးသည် အိမ်ထောင်လည်း မပြုခဲ့ကြ၍ အပူအပင် သောကကင်းစွာနှင့်ဝက်သားကင်တစ်ချောင်းကို ၁ဘတ်နှုန်းနှင့် နှစ်ပေါင်း၃၀ကြာ ရောင်းချလာခဲ့သည်။

အဖွားအိုနှစ်ဦးသည် နေ့စဉ် မနက် ၅နာရီကနေ ၈နာရီအတွင်း ရောင်းချခြင်းဖြင့်ကျောင်းသားလေးများ အလုပ်သွားသူများအတွက် အရမ်းအဆင်ပြေကာအရသာလည်းကောင်းသည့်အတွက် ဝယ်သူဖောက်သည်တွေ တန်းစီလျက်ရှိခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here