အမျိုးသမီးအာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲ မြန်မာအသင်း လက်ဘနွန်အသင်းကို လေးဂိုးပြတ်ဖြင့် အနိုင်ရ

119

အောက်တိုဘာ ၁၈ယနေ့ ကာဂျစ္စတန်နိုင်ငံ တွင် ၂၀၂၂ အမျိုးသမီးအာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု (ဃ) ပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် လက်ဘနွန်အသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရပါတယ်။

မြန်မာအသင်းအတွက်ဂိုးများကို ပွဲချိန် ၂၄ မိနစ်တွင် ပယ်နယ်တီမှ တဆင့် ဝင်းသိင်္ဂီထွန်း၊ ၆၅ မိနစ်တွင် မြတ်နိုးခင်၊ ၈၆ မိနစ်တွင် စန်းသော်သော်နှင့် နာကျင်အချိန်ပို ၂ မိနစ်တွင် ဂျူလိုင်ကျော်တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မြန်မာလက်ရွေးစင်အမျိုးသမီး အသင်းသည် အုပ်စု(ဃ) တွင် လက်ဘနွန်၊ ယူအေအီး၊ ဂူအမ် အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်လျက်ရှိပြီး အောက်တိုဘာ ၂၁ ရက်တွင် ဂူအမ်အသင်း၊ အောက်တိုဘာ ၂၄ ရက်တွင် ယူအေအီးအသင်းတို့နှင့် ဆက်လက်ကစားရမည်ဖြစ် ကာ ယင်းအုပ်စုတွင် အုပ်စုဗိုလ် တစ်သင်းသာ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ကြောင်းသိရပါတယ်။မြန်မာအသင်းတွင် ကစားသမား ၂၃ ဦး လိုက်ပါသွားပြီး နည်းပြချုပ်အဖြစ် ဦးတင်မြင့် အောင်က တာဝန်ယူ ဆောင်ရွက်နေကာ ယူ–၁၆၊ ယူ–၁၉ အသင်းများမှ ထွက်ပေါ်လာသော မျိုးဆက်သစ် ကစားသမားအများစုနှင့် အတွေ့အကြုံရှိ ကစားသမားများကို ပေါင်းစပ်ဖွဲ့စည်းထားတယ်လို့ အဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here