အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို တောထဲလမ်းလျှောက်တဲ့အခါ အသုံးပြုတဲ့နည်းလမ်းကောင်းတွေကို ပြောပြလာတဲ့ PDF လူငယ်

228

တော်လှန်ရေးအတွက် တောထဲမှာ စစ်သင်တန်းတွေတက်ရောက်ကာ လက်နက်ကိုင်တော်လှန်ပြီး ပင်ပန်းကြီးစွာတိုက်ပွဲတွေဝင်နေရပေမယ့် ပြည်သူတွေမှာ အားတင်းရင်းကြိုးစားလျှောက်လှမ်းနေကြတာပါ။

အခက်အခဲများစွာနဲ့ အဆင်မပြေမှုတွေကို ရင်ဆိုင်ရင်း အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို တောထဲလမ်းလျှောက်တဲ့အခါ အသုံးပြုတဲ့နည်းလမ်းကောင်းတွေကို PDF လူငယ်လေးက ဝေမျှပြောပြလာပါတယ်။

အတွေးသေးတိမ်လွန်းတဲ့ လူတချို့အတွက် မထိရဲ မကိုင်ရဲဘဲ ဘုန်းကံနိမ်မှာဆိုးတယ်ဆိုပြီး ရွံရှာတတ်ကြတဲ့အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဟာ နယ်မြေရှင်းလင်းရေးတွေ၊ရှေ့တန်းစစ်မြေပြင်ကို မိုင်ပေါင်းများစွာ လမ်းလျှောက်နေရတဲ့ သူတွေအတွက်ကတော့ဖေးကူပေးတဲ့ အသုံးဝင်ပစ္စည်းတစ်ခုဖြစ်တဲ့အကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။

ဘွတ်ဖိနပ်တစ်ရံနဲ့ နေ့ရောညပါ လမ်းလျှောက်ရတဲ့အချိန် ခြေဆီထွက်လို့ ချော်တာကတစ်ကြောင်း မိုးရွာလို့ ဘွတ်ဖိနပ်ထဲရေဝင်တာက တစ်မျိုးချောင်းဖြတ်ကူးလို့ ရွံ့ဝင်တာက တစ်မျိုးနဲ့ ပွတ်တိုက်မူများလာတဲ့အချိန် ခြေထောက်တွေ ပွန်းပဲ့ဒဏ်ရာတွေရပြီး ရေကြည်ဖုတွေဗရဗျစ်တွေနဲ့ အရမ်းနာကျင်ခံစားလာရတဲ့အချိန် အမျိုးသမီးလစဉ်သုံးကပ်ခွာက အရမ်းအသုံးဝင်တယ်လို့ ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here