အဘတွေကိုတောင်းပန်လိုက်ဖို့ မင်းသမီးတစ်ဦးကို ဖုန်းဆက်ပြောခဲ့တဲ့ ကိစ္စကို ရှင်းလင်းလိုက်တဲ့ မိုးယံဇွန်

1432

ပရိသတ်ကြီးရေ မိုးယံဇွန်ကတော့ PPP အမတ် ကျော်ဇေယျရဲ့ သားဖြစ်တာကြောင့် ဖခင်နဲ့နည်းတူ တော်လှန်ရေးပါဝင်သူများကို လိုက်ပြီး တိုက်ခိုက်နေတာပါနော်။ အနုပညာအသိုင်းဝိုင်းကတစ်ယောက်ကတော့ မိုးယံဇွန်ဟာ မင်းသမီးတစ်ဦးအား အဘတွေကို တောင်းပန်ရင် အပြစ်က လွတ်လောက်တယ်ဆိုပြီး ပြောခဲ့တဲ့အကြောင်း သူ့ရဲ့အကောင့်မှာ တင်ခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး မိုးယံဇွန်ရဲ့ ဖြေရှင်းချက်ကတော့ ” ပုဂ္ဂိုလ်ရေးအရ ခင်ဗျားနဲ့ကျွန်တော်

တစ်ခါမှ စော်ကားမှုတွေရန်ငြိုးတွေလည်း မရှိပါဘူး

ဒါပေမယ့် ဘာရည်ရွယ်ချက်နဲ့ အခုလို

နာမည်တပ်ပီးရေးရတာလဲ???

ခင်ဗျား ကိုအတိအကျပြောတယ်ဆိုတဲ့သူက

ဘယ်သူလဲ???ဘယ်ကကောင်/မလဲ???

ကျွန်တော်က ပြောတယ်ဆိုတဲ့ မင်းသမီး???

ဘယ်မင်းသမီးလဲ? ဘယ်ကမင်းသမီးလဲ?

အဘတွေ ဆိုတာကရောဘယ်ကလဲ???

ဘယ်နားက အဘတွေလဲ???

သိချင်လွန်းလို့ အတိအကျ

မြန်မြန်လေးရှင်းပေးပါ !!!!!

ခင်ဗျားsmsမှာပြန်ပြော ထားတဲ့အတိုင်း

အမြန်ဆုံးရှင်းပေးပါ !!!!!

(ခင်ဗျားနဲ့ အနုပညာအလုပ်တစ်ခုကို

အတူလုပ်ခဲ့ဖူးလို့ စေတနာနဲ့ အကြံပေးလိုက်မယ်

အခုလိုမျိုး ကျွန်တော်မှမဟုတ်ဘူး

သူတစ်ဖက်သားကို အခြေအမြစ်မရှိ သက်သေ

အတိအကျမရှိပဲ social media မှာ

ပုဂ္ဂိုလ်ရေးတိုက်ခိုက်ပီး အပင်ပန်းခံ

$ဖောင်းထုအာချောင်နေမယ့် အစား

အခု ခင်ဗျားကိုယ်တိုင်

ကြုံတွေ့ခံစားနေရတဲ့

သောကဒုက္ခ အန္တရယ်ဘေးကနေ

ကင်းလွတ် အောင် အတွက်ပဲ

အပင်ပန်းခံတာ ပိုပီးအကျိုးရှိမယ်ထင်တယ်)” လို့ ရေးသားပြီး ရှင်းထားတာပါ။

တစ်ဖက်ကလည်း ” မိုးယံဇွန် မ​နေ့ညကဖုန်းဆက်တယ်။ ဒလန်ဖြစ်​နေမှာစိုးလို့ ကျွန်​တော် မကိုင်​တော့ SMS ပို့ပြီးကျွန်​တော်မ​နေ့​နေ့လည်က​ status တင်ထားသလို သူဘယ်မင်းသမီးကိုမှ “​အဘ​တွေကိုတောင်းပန်လိုက်ပါ။ သူတို့က​ခေတ်အဆက်ဆက်နိုင်​နေကျပါ” ဆိုတဲ့စကားမ​ပြောဖူးပါဘူးလို့​ပြောတယ်။ ဒီကိစ္စကို​ဖြေရှင်း​ပေးပါ။ သူ့ဘက်ကလုံးဝမ​​ပြောခဲ့ဘူးချည်းပဲ​ပြောတယ်။ မ​ဖြေရှင်း​ပေးရင် အသ​ရေဖျက်မှုနဲ့ တရားစွဲမယ်။

က​လေး​တွေ ​သေဒါဏ်ကျခံ​နေရတဲ့အချိန်မှာ အသ​ရေဖျက်မှု​လောက်ကိုကျွန်​တော်မ​​ကြောက်​ပါဘူး။ ဒါ​ပေမယ့်ကျွန်​တော်ကြားလာတာကို source ​ဖော်ပြီးမ​ဖြေရှင်းချင်ဘူး။ ​ဟိုမှာက သူ့အပူနဲ့သူ။ ကျွန်​တော်လျှာရှည်လို့ ဒုက္ခပိုမ​ရောက်​စေချင်ပါ။ အဲဒီ​တော့ ကျွန်​တော်​ပြောခဲ့တဲ့စကားအတွက်ကျွန်​တော်တာဝန်ယူပါတယ်။ အဲဒီ status ဟာဘယ်သူနဲ့မှမဆိုင်ပဲကျွန်​တော်တစ်​ယောက်တည်းနဲ့ပဲဆိုင်ပါတယ်။ ​source မ​ဖော်ပြနိုင်တဲ့ အထက်ပါစွပ်စွဲချက်အတွက်ကျွန်​တော်တစ်​ယောက်တည်းက ကာယကံရှင်အားတောင်းပန်ပါတယ်။

ဒါ​ပေမယ့် boycott လုပ်မယ်ဆိုတဲ့စကားအတွက်​တော့မ​တောင်းပန်နိုင်ပါ။ တစ်သက်လုံး boycott ပါ။ ကိုယ့်မင်းသားမင်းသမီး​တွေထွက်​ပြေး​နေရချိန်မှာ ​MWD မှာ​ဖျော်​ဖြေ​ရေးလုပ်​နေတဲ့မင်းသားနဲ့ ​နောက်​နောင်ဘယ်​တော့မှအလုပ်တွဲမလုပ်နိုင်ပါ။” တိတိကျကျပြန်ပြောထားတာပါနော်။

LEAVE A REPLY

Please enter your comment!
Please enter your name here