အပတ်စဉ် သောကြာနေ့တိုင်း ဆရာတော် ဘုရားများအား ဆွမ်းခဲဖွယ်များ ကပ်လှူကာ မွန်မြတ်တဲ့ ကုသိုလ်လေး ပြုခဲ့တဲ့ ခန့်စည်သူ

97

သရုပ်ဆောင်မင်းသားကြီး ခန့်စည်သူကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်ရရှိထားတဲ့ သူပဲဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို သဘာဝကျကျ ပီပြင်အောင်သရုပ်ဆောင်နိုင်တာကိုတွေ့ရပါတယ်။ လတ်တလောမှာဆိုရင်လည်း အလှူအတန်းတွေ ဆက်တိုက် ပြုလုပ် လှူဒါန်းနေတာကိုလည်းတွေ့ရပါတယ်။

ဒါ့အပြင် အပတ်စဉ်သောကြာနေ့တိုင်းမှာလည်း ဆရာတော်ဘုရားများကို လိုအပ်တာများ ဆက်ကပ် လှူဒါန်းလျက်ရှိပါတယ် ။ ဒီနေ့မှာလည်း သန်လျင်သဘာဝတရားရိပ်သာကြီးမှ ဦးစီးပဓာန နာယကဆရာတော် အရှင်ဥတ္တမသာရ(ပြည်တွင်း၊ပြည်ပသာသနာပြုဆရာတော်ကြီး) အား ဦးထိပ်ထား ပြီး ဆွမ်း ခဲဖွယ်များကို ကိုယ်တိုင် ကပ်လှူခဲ့ပါတယ် ။

အလှူနဲ့ ပတ်သက်ပြီးလည်း “ (၈-၁၀-၂၀၂၁) ယနေ့ တန်းဆွမ်း လှည့်လည် အလှူခံ၊အပူဇော်ခံ ကြွရောက်တော်မူပါသော သန်လျင်သဘာဝတရားရိပ်သာကြီးမှ ဦးစီးပဓာန နာယကဆရာတော် အရှင်ဥတ္တမသာရ(ပြည်တွင်း၊ပြည်ပသာသနာပြုဆရာတော်ကြီး) အား ဦးထိပ်ထား၍ သံဃာ့ဂုဏ်ကို ရည်မှန်းကာ ဆွမ်း၊ဆွမ်းဟင်းများ၊ဆန်၊ဆီ၊ဆေး၊ဆား၊ပဲ၊ကြက်သွန်၊ကြက်ဥ၊ဟင်းခတ်မှုန့်၊ဟင်းသီးဟင်းရွက်၊ကြာဆံ၊ငံပြာရည်၊ငါးပိ၊ငါးခြောက်၊Maskများနှင့် နဝကမ္မ အလှူငွေတို့ကို အပတ်စဉ် အလှူ ပေးအပ် လှူဒါန်းခဲ့ပါတယ်။လှူဒါန်းမှု အစုစုတို့အတွက် (၇)-ရက်သား၊သမီးအပေါင်းတို့ သာဓု ခေါ်ဆိုနိုင်ကြပါစေ ” ရေးသားထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

LEAVE A REPLY

Please enter your comment!
Please enter your name here