အဆိုတော်ဘဝကို အပြီးတိုင်စွန့်လွှတ်လိုက်ကြောင်း ပရိတ်သတ်တွေကိုအသိပေးလိုက်တဲ့ ဟန်ထူးလွင်

206

ပရိသတ်ကြီးရေ ယခုခေတ်တိုင်အောင် ဂီတလောကမှာအောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော်ရင်ဂိုရဲ့ သားဖြစ်သူဟန်ထူးလွင်ဟာလည်း ဖခင်ရဲ့ဂီတအမွေအနှစ်များစွာကို ရရှိထားပြီး အောင်မြင်မှုတွေနဲ့အတူ အနုပညာလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေသူပဲဖြစ်ပါတယ်နော်။ကျားပေါက်ဟာဆိုရင် ချစ်စရာသမီးလေးတွေနဲ့အတူဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေတာပဲဖြစ်ပါတယ်။

ယခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ကာ ဓမ္မဘက်က ပါဝင်လှုပ်ရှားဆန္ဒဖော်ထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ကျားပေါက်ကတော့ ယနေ့မှာပဲ ပရိသတ်တွေကို အံ့သြသွားစေတဲ့ စာသားလေးတစ်ချို့ကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ အသိပေးရေးသား ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ဒါကတော့ အဆိုတော်ဘဝကို အပြီးတိုင်စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်းရေးသားထားတာပဲဖြစ်ပါ တယ်နော်။

ကျားပေါက်က”ကျနော့်ကိုခင်ဗျားတို့ ဆုံးရှုံးလိုက်ရတာထက် ခင်ဗျားတို့ကိုထားခဲ့ရတာ ကျနော်ပိုထိခိုက်ရပါတယ်။ မိုးထက်ပြောသလို အားလုံးအတွက်က ကျနော်တယောက်ထဲ မရှိတော့တာ။ ကျနော့်မှာက အားလုံးမရှိရတော့ခြင်းပါ။ အရင်အတိုင်းအားလုံးကို ပျော်နေစေချင်တာပါပဲ။ (ဟိုစောက်ရူးထိပ်ပြောင် အာခြောင်ကောင် တော့မပါဘူးပေါ့လေ 😅)သီချင်းတွေနဲ့ ပတ်သက်ပြီး အားလုံးကို ချစ်ခဲ့ရတော့ ဘယ်တော့မှ musician မလုပ်တော့ဘူးဆိုတဲ့ နာနေတဲ့စိတ်ဟာလဲ အချိန်တန်ရင်ပြောင်းသွားကောင်းပါရဲ့။

Art နဲ့ပတ်သက်ရင် ဘယ်တော့မှ မလိမ်မညာခဲ့တာ အားလုံးနဲ့ ရပ်တည်ခဲ့တာတွေကိုတော့ တသက်လုံး ဂုဏ်ယူနေပါ့မယ်။ ကျနော်ချန်ထားခဲ့တဲ့ သီချင်းတွေ ပန်းချီတွေနဲ့ပျော်နေကြရင် ကျနော်ကျေနပ်ပါမယ်။ ချစ်တဲ့ Kp 20th May 2069″ဆိုပြီးရေးသားထားပါတယ်။ပရိသတ်ကြီးလည်း ကျားပေါက်ကို နှမြောတသဖြစ်နေမယ်ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here