အစာအိမ်ရောဂါကြောင့် ရုတ်တရတ်ဆေးရုံတက်ရောက်ခဲ့ရတဲ့ ခင်သဇင်

118

ပရိသတ်ကြီးရေ ခင်သဇင်ကတော့ မနေ့ စက်တင်ဘာလ (၂၁)ရက်နေ့ညနေပိုင်းလောက်က ရုတ်တရတ်ဆေးရုံတက်ရောက်ခဲ့ရပါတယ်။ ခင်သဇင်ကတော့ ဆေးရုံကို အစာအိမ်ရောဂါကြောင့် တက်ရောက်ခဲ့ရတာဖြစ်တယ်လို့ လည်း ဆေးရုံတက်ရောက်နေရကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ပရိသတ်တွေကို အသိပေးလာခဲ့တာပါ။

အခုလို အစာအိမ်ရောဂါဖြစ်တာကြောင့် ဆေးရုံတက်ခဲ့ရတာနဲ့အတူ အခုလို ကာလမှာ စိတ်ဖိစိမှုတွေဖြစ်ရတာကြောင့် ပရိသတ်တွေလည်း ကျန်းမာရေးကိုဂရုစိုက်ကြဖို့နဲ့ သူ့လို နာတာရှည်ရောဂါမျိုး မဖြစ်အောင် အထူးဂရုစိုက်ကြဖို့လည်း တိုက်တွန်းထားခဲ့ပါသေးတယ်။ နာတာရှည်ရောဂါကြောင့် လောကကြီးမှာ ရှင်သန်ရတာတပန်းရှုံးပြီး စွန်လွတ်လိုက်ရတဲ့ ကိစ္စတွေတောင်ရှိကြောင်း ပရိသတ်တွေကို သူ့ရဲ့ကိုယ်တွေကြုံခဲ့ရတာတွေရှိကြောင်းလည်း ပြောပြထားခဲ့ပါသေးတယ်။

ခင်သဇင်ရဲ့ သတင်းလေးကြောင့် သူ့ရဲ့ပရိသတ်တွေနဲ့ အနုပညာမောင်နှမတွေက အမြန်ဆုံးသက်သာစေဖို့ ဝိုင်းဝန်းဆုတောင်းပေးကြတဲ့ အတွက်လည်း ခင်သဇင်က ကျေးဇူးတင်ကြောင်းလည်း ပြောထားပါသေးတယ်။ ခင်သဇင်တစ်ယောက် အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here