အင်ဒိုနီးရှား မြေပြိုကျမှုအတွင်း ၆ ဦး သေဆုံးပြီး အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေ

137

အင်ဒိုနီးရှား မြေပြိုကျမှုအတွင်း ၆ ဦး သေဆုံးပြီး အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေ
——————
ဖေဖော်ဝါရီ ၂၅

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဆူလာဝေဆီပြည်နယ်က တရားမဝင် ရွှေတူးဖော်တဲ့နေရာမှာ မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် ၆ ဦး သေဆုံးခဲ့ပါတယ်။ ယနေ့ ကြာသပတေးနေ့မှာတော့ မြေပြိုကျမှုအတွင်း အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေနေတယ်လို့ အင်ဒိုနီးရှား ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ဘူရန်ဂါကျေးရွာအနီး ရွှေတွင်းတူးရာမှာ မြေပြိုကျခဲ့ပြီးနောက် ရဲ၊ စစ်တပ်နဲ့ ဒေသခံ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းထားတဲ့ အဖွဲ့တွေဟာ အဆိုပါဒေသမှာ စက်ယန္တရားကြီးတွေ တပ်ဆင်ပြီး ရှာဖွေနေတယ်လို့ သိရပါတယ်။

ကြာသပတေးနေ့အထိ မြေပြိုကျမှုမှ အနည်းဆုံး အသက်ဘေးလွတ်မြောက်ခဲ့သူ ၁၅ ဦး ကယ်ဆယ်ခဲ့ကြောင်း သိရပါတယ်။

ဒေသခံမြို့တော်ပါလုရှိ ရှာဖွေရေးနဲ့ကယ်ဆယ်ရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဖာတမာဝတီက အနည်းဆုံး တစ်ဦး ပျောက်ဆုံးနေကြောင်း ပြောပါတယ်။

တရားမဝင် ရွှေတူးဖော်ရာနေရာမှာ မိုးအကြီးအကျယ်ရွာသွန်းမှုနဲ့ မတည်ငြိမ်တဲ့ မြေဆီလွှာတွေကြောင့် မြေပြိုမှု ဖြစ်စေနိုင်ကြောင်း အင်ဒိုနီးရှားသဘာဝဘေးအန္တရာယ်ကာကွယ်ရေး တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here