အင်တာနက် ဖြတ်တောက်ထားတဲ့ ဖားကန့်မှာ ငွေလွှဲငွေထုတ် အခက်ကြုံ၊ အင်တာနက် အသုံးပြုခ တစ်နာရီကို ၁ သောင်းအထိ မြှင့်တက်

65

အောက်တိုဘာ ၈ ရက်၊ ဖားကန့်အင်တာနက် ဖြတ်တောက်ခံထားရတဲ့ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ အင်တာနက် အသုံးပြုခဟာ တစ်နာရီကို တစ်သောင်းနှုန်းအထိ မြှင့်တက်လာပြီး ငွေကြေးလွှဲပြောင်း ထုတ်ယူတဲ့အခါ ဝန်ဆောင်ခတွေမြှင့်တက်လာတာကြောင့် အခက်အခဲတွေကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့် ဒေသခံတစ်ဦးက “အင်တာနက် မရှိတော့ ငွေထုတ်ငွေသွင်းကိစ္စတွေ တော်တော်လေးခက်တယ်။ ကျောက်ကိစ္စတွေဆိုရင် ငွေအများကြီး သုံးရတဲ့အချိန်တွေရှိတယ်။ အောက်ပိုင်းကနေ ငွေလှမ်းမှာရင် ရာခိုင်နှုန်းတွေ ပိုပေးရတယ်။ အဲလိုဆို ကျနော်တို့က ရှုံးတယ်။ အရင်က ငွေတစ်သိန်းကို တစ်ထောင်နှစ်ထောင်ပဲ ပေးရတာ။ အခုက ငွေတစ်သိန်းကို ငါးထောင်ပေးရတယ်” လို့ ပြောပါတယ်။

အခုလို အင်တာနက် အသုံးပြုခတွေ မြှင့်တက်လာပေမယ့် ငွေလွှဲငွေထုတ် ပြုလုပ်ရတဲ့သူတွေကတော့ များပြားဆဲဖြစ်ပါတယ်။“ကျောက်ပွဲစားတွေ ကျောက်လုပ်ငန်းရှင်တွေ ငွေလွှဲငွေထုတ် လုပ်တဲ့လူတွေက Wave money ဆိုင်တွေမှာ သွားလွှဲရင် ငွေလွှဲခက သက်သက်ပေးရတာမို့လို့ အင်တာနက်သုံးလို့ရတဲ့ ဆိုင်တွေမှာပဲ လိုင်းသုံးရင်း ငွေလွှဲကြတာတွေရှိတယ်” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။အင်တာနက် အသုံးပြုခတွေ မြှင့်တက်လို့ အခကြေးငွေ မတတ်နိုင်တဲ့ ဒေသခံတစ်ချို့ကတော့ နန့်ယား၊ မြစ်ကြီးနားမြို့တွေထိသွားပြီး အသုံးပြုကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဖားကန့်ဒေသကို စစ်ကောင်စီက ဩဂုတ်လ ၂၀ ရက် ညပိုင်းကစပြီး အင်တာနက် စတင်ဖြတ်တောက်ခဲ့ရာ ၂ လနီးပါး ရှိလာပြီ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here