အခုလို ကိုဗစ်ကာလမှာ ဝေးလံတဲ့ ဒေသတွေ အတွက် လိုအပ်တဲ့ ကျန်းမာရေး အထောက်အကူ ပစ္စည်းနဲ့ ဆေးဝါးများ လှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်

114

ပရဟိတ မင်းသားကြီး ဝေဠုကျော်ကတော့ အောင်မြင်ကျော်ကြားတဲ့ ဝါရင့် အနုပညာရှင် တစ်ယောက် ဖြစ်သလို လက်ရှိ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ ဝေဠုကျော်ကတော့ ခုလို ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် အမှန်တကယ် စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေ အတွက် အခြေခံ စားသောက်ကုန်တွေ ပေးဝေလှူဒါန်းပြီး တတ်နိုင်သလောက် ဖေးမကူညီနေတာပါ ။

သူကိုယ်တိုင်လည်း ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ထားပြီး အဖွဲ့သားများနဲ့အတူ လိုအပ်တဲ့ နေရာများကို ကိုယ်တိုင် သွားရောက် လေ့လာကာ ကူညီလှူဒါန်းပေးနေတာတွေကို မြင်တွေ့ရတာလည်း ကြည်နူးစရာ ကောင်းလွန်းလှပါတယ် ။ ဒီလို အနစ်နာခံကာ သူတစ်ပါးအပေါ် ကူညီတတ်တာတွေကြောင့် ပရိသတ်တွေက လေးစားဂုဏ်ယူနေကြတာပါ။

အခုလည်း ဝေလံတဲ့ နာဂဒေသက ဒုံဟီးမြို့ အတွက် ဒီလိုကာလမှာ လိုအပ်နေတဲ့ ဆေးဝါးများနဲ့ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို လှူဒါန်းပေးခဲ့တာတွေ့ရပါတယ် ။ ခုလို အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေကို ကူညီလှူဒါန်းပေးတာကလည်း တကယ်ကို မွန်မြတ်လှပါတယ် ။ ပရိသတ်ကြီးအတွက် ဝေဠုကျော်ရဲ့ အလှူလေးကို ဝေမျှပေးလိုက်ပါတယ် ။

LEAVE A REPLY

Please enter your comment!
Please enter your name here