အခက်အခဲဖြစ်နေကြတဲ့တောင်သူဦးကြီးတွေဆီက စားသောက်ကုန်တွေဝယ်ယူပြီး ပြည်သူတွေအတွက်တတ်နိုင်သလောက် လှူဒါန်းနေတဲ့ခိုင်နှင်းဝေ

226

ခိုင်နှင်းဝေကတော့ လတ်တလောအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူရပ်တည်ကာ လူထုလှုပ်ရှားမှုတွေအပြင် လှူဒါန်းမှုတွေကို ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေပြီး အင်တိုက်အားတိုက်ပါဝင်နေတာလည်း တွေ့ရပါတယ်..။

ခိုင်နှင်းဝေကတော့ အခက်အခဲဖြစ်နေကြတဲ့ တောင်သူဦးကြီးတွေဆီက စားသောက်ကုန်တွေဝယ်ယူကာ ပြည်သူတွေအတွက်တတ်နိုင်သလောက် လှူဒါန်းမှုတွေကိုလည်း ပြုလုပ်နေပြီး သူမရဲ့အလှူလေးနဲ့ပတ်သက်ပြီးတော့လည်း ပြောပြထားပါသေးတယ်..။

“နယ်ဘက်မှ အခက်အခဲ ဖြစ်နေတဲ့ တောင်သူဦးကြီးများကို အားပေးကူညီတဲ့ အနေဖြင့် ကြက်သွန် အချိန် (၁)ထောင်

နှင့် ပြောင်းဖူး အဖူး (၅) ထောင်တို့အား ဝယ်ယူ အားပေးပြီး လတ်တလော စားဝတ်နေရေး ခက်ခဲနေသော ပြည်သူများအား ဆန်၊ဆီ နှင့် စားသောက်ကုန်များ နိုင်သလောက် လှူဒါန်းသွားပါမယ်ရှင်…” ဆိုပြီး သူမရဲ့အလှူအကြောင်းတွေကို ပြောပြထားတာဖြစ်ပါတယ်..။

အမ်းလှူချင်လို့သာ ရှိတာထုတ် နိုင်သလောက် လှူရတာမို့ လိုအပ်ချက်များ ရှိနိုင်ပါတယ်..ကျမကို အကူအညီတောင်းတဲ့ နေရာ အစုံ လှုဒါန်းပေးချင်ပေမဲ့ အခက်အခဲကြားက လှူရတာမို့ မစုံခဲ့ရင် နားလည်ပေးကြပါလို့ ပြောချင်ပါတယ်ရှင်…..🙏🙏🙏…” ဆိုပြီး ခိုင်နှင်းဝေက မေတ္တာရပ်ခံပြောပြထားပါသေးတယ်..။

အခုလိုခက်ခဲနေကြတဲ့ အချိန်မှာလည်း တတ်နိုင်သလောက် ပြည်သူတွေအတွက် အမြဲစဉ်းစားပေးတတ်တဲ့ သူမရဲ့စိတ်ထားစေတနာတွေကိုလည်း ပရိသတ်တွေက ချီးကျူးနေကြတာလည်း တွေ့ရပါတယ်..။

LEAVE A REPLY

Please enter your comment!
Please enter your name here