သရုပ်ဆောင် ကျော်စိုးရဲ့ နောက်ဆုံးခရီးမြင်ကွင်း

82

ပရိသတ်တွေရဲ့အချစ်တော် ရုပ်ရှင်နဲ့ဗီဒီယို ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ကျော်စိုးကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၂)ရက်နေ့က ဆုံးပါးကွယ်လွန်သွားခဲ့ပါတယ်။ သရုပ်ဆောင် ကျော်စိုး ဆုံးပါးကွယ်လွန်သွားတဲ့ စိတ်မကောင်းစရာသတင်းလေးကို ပရိသတ်တွေလည်း ကြားသိပြီးသားဖြစ်မယ်ထင်ပါတယ်။

 

ဒီနေ့ အောက်တိုဘာလ(၂၄)ရက်နေ့မှာတော့ သရုပ်ဆောင် ကျော်စိုးရဲ့ အသုဘချအခမ်းအနားကိုပြုလုပ်ခဲ့ပါတယ်။ သရုပ်ဆောင် ကျော်စိုးနဲ့ နောက်ဆုံးခရီးဖြစ်တဲ့ အသုဘချအခမ်းနားကိုတော့ လုပ်ဖော်ကိုင်ဖက်အနုပညာရှင်တွေကလည်း စိတ်မကောင်းစွာနဲ့ လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။ ကျော်စိုးရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ပေးကြတဲ့ အနုပညာရှင်တွေထဲမှာမှာ သူဇာပွင့်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ Live လွှင့်ပြီး မျှဝေခဲ့ပါတယ်။

သရုပ်ဆောင်ကျော်စိုးကို ချစ်ခင်ပြီး အားပေးကြတဲ့ ကျော်စိုးရဲ့ ပရိသတ်တွေလည်း သူတို့ချစ်တဲ့ အနုပညာရှင်တစ်ယောက် အပြီးတိုင်နှုတ်ဆတ်ထွက်ခွာတဲ့ နောက်ဆုံးခရီးကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေခဲ့ကြပါသေးတယ်။  ပရိသတ်ကြီးတွေထဲက ကျော်စိုးရဲ့ ပရိသတ်တွေအတွက်လည်း ကျော်စိုးရဲ့ နောက်ဆုံးခရီးမြင်ကွင်းဗီဒီယိုလေးကို စိတ်မကောင်းစွာနဲ့ မျှဝေလိုက်ပါတယ်နော်။

LEAVE A REPLY

Please enter your comment!
Please enter your name here