သံလွင်မြစ်အတွင်းထဲကို စစ်ကောင်စီရဲ့ တိုက်ပစ်စစ်သင်္ဘော ၄ စီး ရောက်ရှိလာ

124

သံလွင်မြစ်အတွင်းထဲကို စစ်ကောင်စီရဲ့ တိုက်ပစ်စစ်သင်္ဘော ၄ စီး ရောက်ရှိလာ
——————————————————————————————–

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ သံလွင်မြစ် အတွင်းသို့ ဒီကနေ့မတ်လ ၁၄ရက်မနက်ပိုင်းက စစ်အာဏာသိမ်း တပ်ဖွဲ့ရဲ့စစ်သင်္ဘော ၄စီးဟာ သံလွင်မြစ် အတွင်း မှ ဆန်တက်မောင်းနှင်ဝင်ရောက်လာခဲ့ ပြီး မိကရင်ကျေးရွာ နဲ့ကော့ဖြိုင်ကျေးရွာအုပ်စုနယ်မြေအတွင်း ရေပြင်မှာ ရပ်တန့်ကာ အမြောက် ပစ်ခတ်မှုတွေ လာရောက်လုပ်ဆာင်နေကြောင်း ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အဆိုပါ မိကရင် ကျေးရွာအုပ်စုဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ ထိမ်းချုပ်နယ်မြေ ဖြစ်ပြီး ဒေသတွင်း ပြီးခဲ့တဲ့ရက်တွေက စစ်ကောင်စီတပ်ဖွဲ့ ၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ၊ BGF ပူပေါင်းအဖွဲ့တွေနဲ့ KNU တပ်မဟာ ၁ နယ်မြေခံအဖွဲ့တို့တိုက်ပွဲ ဖြစ်နေတဲ့စစ်ရေးနယ်မြေ ဖြစ်နေပါတယ်။

အဲဒီအတွက်ကြောင့် ဒေသခံကရင်တိုင်းရင်းသားတွေအနေနဲ့ စိုးရိမ်မှုဖြစ်နေကြတာကြောင့် တိုက်ပွဲရှောင်နေထိုင်မှုတွေ ပြုလုပ်နေကြရတယ်လို့ တကောင်ဘိုးကျေးရွာ ဒေသခံတွေရဲ့ ပြောစကားအရသိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here