သံဃာ သီလရှင် သာမဏေများ ဧည့်စာရင်း တိုင်ကြားရန် အမိန့်ထုတ်

105

သံဃာ သီလရှင် သာမဏေများ ဧည့်စာရင်း တိုင်ကြားရန် စစ်ကောင်စီခန့် သာသနာရေးဝန်ကြီးဆိုသူကိုယ်တိုင် အမိန့်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတစ်ဝန်း ဘုန်းကြီးကျောင်း သီလရှင်ကျောင်းများတွင် သီတင်းသုံးနေသည့် သံဃာ သီလရှင် သာမဏေများ လာရောက်တည်းခို နေထိုင်သည့် လူပုဂ္ဂိုလ်များအားလုံးဧည့်စာရင်း တိုင်ကြရန် စစ်ကောင်စီခန့် သာသနာရေးဝန်ကြီးဟုဆိုသာ ကိုကိုက စက်တင် ဘာလ ၂၁ ရက်နေ့တွင် လက်မှတ်ရေးထိုး၍ အမိန့် တစ်ရပ်ထုတ်ပြန်သည်။

အဆိုပါ အမိန့်သည် နိုင်ငံတော် သံဃမဟာနာယ က မဟန၏ ညွှန်ကြားချက် တစ်စုံတစ်ရာမရှိဘဲ သာသနာရေးဝန်ကြီး ဆိုသူက ၎င်း၏သဘောဆန္ဒဖြင့် သာသနာကိုဖိနှိပ်ရန် ရည်ရွယ်ချက်ဖြင့် ရဟန်းသံဃာများကိုပါ ဧည့်စာရင်းတိုင်ခိုင်း နေခြင်းဖြစ်ကြောင်း မန္တလေးမှ သံဃာတော်တစ်ပါးက မိန့်ကြားသည်။

စစ်ကောင်စီခန့် ဝန်ကြီးဆိုသူ၏ အမိန့်အ ရ ဘုန်းကြီးကျောင်း သီလရှင်ကျောင်းများတွင် နေထိုင်သီတင်းသုံးသည့် မည်သူမဆိုဧည့်စာရင်း တိုင်ကြားရမည့် အခြေအနေရှိနေကြောင်း မူ လ ဝါဆို ဝါကပ်နေသော သံဃာတော်များ သီလရှင်များ စာရင်းများကို စစ်ကောင်စီက ကောက်ယူနေသည့်အပြင်ဧည့်သည်များကိုလည်း ဧည့်စာရင်း တိုင်ကြားခိုင်းဖြစ်၍ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများရှိ မည်သူ့ကိုမဆိုအာဏာပိုင်များထံ အသိပေး အကြောင်းကြား နေထိုင်ရမည်ဆိုသည့် အဓိပ္ပာယ်သက်ရောက်ကြောင်း မန္တလေး သံဃာတော်များထံမှ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here