သဘောတူညီထားသော ခါးပတ်လမ်းစီမံကိန်းကိစ္စရပ်များကို ဩစတြေးလျဘက်က ဖျက်သိမ်းလိုက်သည့်အတွက် တရုတ်ကြီး ဒေါသထွက်

117

သဘောတူညီထားသော ခါးပတ်လမ်းစီမံကိန်းကိစ္စရပ်များကို ဩစတြေးလျဘက်က ဖျက်သိမ်းလိုက်သည့်အတွက် တရုတ် ဒေါသထွက်

ဩစတြေးလျအစိုးရဟာ တရုတ်နဲ့သဘောတူညီထားတဲ့ ခါးပတ်လမ်းစီမံကိန်းဆိုင်ရာ သဘောတူညီချက်တွေကို ဖျက်သိမ်းပစ်လိုက်တာကြောင့် တရုတ်ရဲ့ဒေါသပေါက်ကွဲမှုတွေကို ရင်ဆိုင်နေရပြီလို့ သိရပါတယ်။

အခုလို ခါးပတ်လမ်းစီမံကိန်းသဘောတူညီချက်ကို ဩစတြေးလျဘက်က ဖျက်သိမ်းပစ်လိုက်တာကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာလည်း တင်းမာတဲ့အခြေအနေတစ်ရပ်ဆီကို ရောက်ရှိသွားခဲ့ပါတယ်။

ဩစတြေးလျဗဟိုအစိုးရဟာ သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာအသစ်တွေကို အသုံးပြုပြီး ဩစတြေးလျနဲ့ တရုတ်အကြား သဘောတူညီထားချက်ကို ဖျက်သိမ်းလိုက်တာဖြစ်ပြီး ဩစတြေးလျအစိုးရရဲ့ဆုံးဖြတ်ချက်ကို အကြောင်းမဲ့ သက်သက်ရန်စတဲ့လုပ်ရပ်ကို လုပ်လိုက်တာဖြစ်ကြောင်း ဩစတြေးလျနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဩစတြေးလျဘက်ကတော့ သူတို့ရဲ့အကျိုးစီးပွားကို ကာကွယ်လိုတဲ့အတွက် တရုတ်နဲ့သဘောတူညီထားတဲ့ ခါးပတ်လမ်းစီမံကိန်းဆိုင်ရာကိစ္စရပ် သဘောတူညီချက်တွေကို ဖျက်သိမ်းပစ်လိုက်တာဖြစ်တယ်လို့ သတင်းထုတ်ပြန်သွားခဲ့ပါတယ်။

ခါးပတ်လမ်းစီမံကိန်းကို သဘောတူညီချက်တွေအတိုင်း လုပ်ဆောင်ဖြစ်ခဲ့ရင် ဩစတြေးလျနဲ့တရုတ် နှစ်နိုင်ငံအကြားက ဆက်ဆံရေးဟာ အခုထက်ပိုပြီး ဆိုးရွားသွားနိုင်ခြေတွေရှိနေတဲ့အပြင် သူတို့ဘက်က ထိခိုက်နစ်နာမှုတွေနဲ့ အဆုံးသတ်ရမှာကို မြင်လာတဲ့အတွက် ဖျက်သိမ်းပစ်လိုက်တာဖြစ်ကြောင်းလည်း ဩစတြေးလျအစိုးရက ရှင်းပြသွားခဲ့ပါတယ်။

ဩစတြေးလျအစိုးရဟာ ပြည်နယ်တွေ၊ ဒေသန္တရအစိုးရအဖွဲ့တွေနဲ့ တက္ကသိုလ်တွေက နိုင်ငံခြားအစိုးရတွေနဲ့ အလုပ်တွဲဖက်လုပ်ကိုင်တာတွေကို အခုတစ်ခါမှသာ ပထမဆုံးအကြိမ်အဖြစ် ဗီတိုအာဏာအသုံးပြုပြီး ဝင်ရောက်စွက်ဖက်လိုက်တာလည်းဖြစ်ပါတယ်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
ကိုးကား – BBC

LEAVE A REPLY

Please enter your comment!
Please enter your name here