သူ့ဘဝရဲ့ ကောင်းတာတွေ အတုယူပြီး ဆိုတာတွေ သင်ခန်းစာယူဖို့ပြောလာတဲ့ ထူးအယ်လင်း

74

အဆိုတော် ထူးအယ်လင်းကတော့ ပရဟိတအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်ပြီး ဒုက္ခရောက်နေတဲ့သူတွေကို ကူညီပေးနေတဲ့သူ ဖြစ်ပါတယ် ။ထူးအယ်လင်းက ဘုရားတည်ပြီး ကုသိုလ်ပြုတဲ့အပြင် စစ်ဘေးရှောင်ဒေသတွေအထိ ကိုယ်တိုင်သွားရောက်ကာ လှူဒါန်းပေးလေ့ရှိတာလည်း ဖြစ်ပါတယ် ။

လတ်တလောမှာဆိုရင်လည်း ထူးအယ်လင်းက စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို တတ်နိုင်သလောက် တစ်ပိုင်တစ်နိုင် ကူညီပေးနေတာ တွေ့ရပါတယ်။ခုတခါမှာတော့ ထူးအယ်လင်းဟာ သူဆိုခဲ့တာတွေကို သင်ခန်းစာယူပြီး သူ့လို မဆိုးကြဖို့ မျှဝေခဲ့တာ ဖြစ်ပါတယ် ။ကိုယ့်ကိုယ်ကို လူကောင်းပါခင်ဗျာ,,လို့လူမှန်းသိတတ်စအရွယ်ကနေ ခု အသက်အရွယ်ထိ ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူးကျွန်တော် ဆိုးပါတယ်,,လို့ ပြောခဲ့ဘူးတာရှိတယ်…ဆိုတော့,,,ကျွန်တော်ဆိုးတာတွေကို လက်ညှိုးထိုးပြီး အဲ့ဒိလူမကောင်းဘူး ,,လို့ ပြောတဲ့သူတွေ၊အနီးဆုံးအမျိုးမှစလို့ အဝေးဆုံး ကိုယ်မသိတဲ့ပတ်ဝန်းကျင်ကသူတွေ,,

ခင်ဗျားတို့ ကျွန်တော်ဆိုးတာတွေကို သင်္ခန်းစာယူပါ…မကောင်းမှုတွေကို မကောင်းတာသိရင်ရှောင်ပါ ☝️နောက်တစ်ခုအနေနဲ့ …ကျွန်တော်ကောင်းမှုပြုတဲ့ ကိစ္စတိုင်းကိုချီးမွမ်းတဲ့သူတွေ, ဒါ ကောင်းတယ်,,လို့ လက်ညှိုးထိုးပြီး ချပြလို့ရတဲ့ ကောင်းမှုကိစ္စတွေမှန်သမျှကိုကိုယ့်အနီးဆုံးအမျိုးမှစလို့ အဝေးဆုံးပတ်ဝန်းကျင်ကသူတွေ ,,,ခင်ဗျားတို့ ကျွန်တော် ကောင်းတာတွေကို ဆင်ခြင်သုံးသပ်ပြီး ကိုယ်တိုင်ကောင်းမှုပြုဖို့ မမေ့ပါနဲ့ ,,,သူတပါး မကောင်းတာကို တွေးနေရင်ကိုယ့်အတွက် ကောင်းတာတွေ တွေးဖို့အချိန်တွေ ဆုံးရှုံးတယ် …သူတပါး မကောင်းကြောင်းတွေ ပြောနေရင်ကိုယ့်အတွက် ကောင်းတာတွေ ပြောဖို့အချိန်တွေ ဆုံးရှုံးတယ် …သူတပါး မကောင်းမှု လုပ်တာကို ထိုင်ကြည့်နေရင်ကိုယ်ကောင်းတာလုပ်ဖို့အချိန်တွေ ဆုံးရှုံးတယ် … တဲ့ရောက်တဲ့ နေရာ ,,နေတဲ့ နေရာ ,,နိုင်သလို လိုအပ်နေတဲ့ကွက်လပ်ဖြည့်ပေးတတ်အောင် ကြိုးစားနေထိုင်ပါတယ်။

ရေသာလိုက် အချောင်မခိုမိစေဖို့သတိထားတယ်…ခင်ဗျားတို့ကိုလည်း ကျွန်တော် ကောင်းတယ်, ဆိုးတယ် ပြောနေမယ့်ကောင်မဟုတ်သလို ,,ကိုယ့်စိတ်နှင့်ကိုယ့်ကိုယ်ကို ကောင်းအောင်နေတာ ကောင်းပြနေတာမဟုတ်လို့ကိုယ့် စိတ်ဝိဉာဉ် သန့်စွာပဲ ကောင်းမှုမှန်ရင် ပြောရဲ လုပ်ရဲပါတယ်လူ့သက်တမ်း ဘဝတွေ သိပ်ကို တိုတောင်းသလောက် လူမှု့ရေးရာရှုပ်ထွေးမှုတွေအင်မတန်ကျယ်ပြန့်လွန်းလို့ အသိကို သတိကပ်မိချိန် ကိုယ့်ဘဝအတွက်သံသရာအတွက် ကုသိုလ်ကောင်းမှုဂုဏ်သတ္တိကို သတိကပ်ပြီး နေထိုင် လုပ်ကိုင် ဆင်ခြင်လိုက်ရင်ဒီကမ္ဘာမှာ ငါ ဆိုတာ အပျော်ဆုံးပဲ” ဟူ၍ အဲ့သလိုလူတစ်ဦးဖြစ်လာလိမ့်မယ် ,,,မယုံရင်စမ်းကြည့် ,,,စိတ်ဓာတ်တော့ လိုတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here