သူဟာ ဒလန်တစ်ယောက်လုံးဝမဟုတ်ကြောင်း ယုံကြည်ပေးဖို့ပရိတ်သတ်ကို တောင်းဆိုလာတဲ့ မြင့်မြတ်

421

ပရိတ်သတ်ကြီးရေ….ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသားချောမြင့်မြတ်ဟာဆိုရင် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ပီပြင်ပိုင်နိုင်အောင်သဘာဝကျကျသရုပ်ဆောင်နိုင်တဲ့အတွက်ကြောင့် ပရိတ်သတ်တွေရဲ့ ပါစပ်ဖျားမှာ မြင့်မြတ်ဆိုပြီး အခုချိန်ထိရှိနေတာပဲဖြစ်ပါတယ်နော်.။ သရုပ်ဆောင်ပိုင်းမှာပီပြင်ပိုင်နိုင်လွန်းတဲ့ မြင့်မြတ်က ဇာတ်ကားတစ်ကားချင်းစီတိုင်းကိုလည်း ပရိတ်သတ်တွေရဲ့ ရင်ထဲထိရောက်အောင်သရုပ်ဆောင်နိုင်တဲ့အတွက် ဗိုလ်အောင်ဒင်ချစ်သောမိန်းမများကားမှာ စတင်ပြီး ဂျင်းကောင်ဆိုပြီး နာမည်တွင်နေတာပဲဖြစ်ပါတယ်…။

လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး အစပိုင်းမှာတော့ နွေဦးတော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူလူထုနဲ့အတူ တက်ကြွစွာပါဝင်ပြီး နောက်ပိုင်းမှာတော့ ငြိမ်ချက်သားကောင်းနေတာပဲဖြစ်ပါတယ်နော်..။

လွန်ခဲ့တဲ့ ရက်ပိုင်းက အွန်လိုင်းအသုံးပြုသူတွေကြားရေပန်းစားခဲ့တဲ့ စစ်တပ်ကကျင်းပတဲ့ သင်္ကြန်ပွဲတော်မှာ အနုပညာရှင်တစ်ချို့ တက်ရောက်ခဲ့ပြီး အဲ့ဒီအထဲမှာ မြင့်မြတ်ကလည်းပါဝင်ခဲ့တာကြောင့် ပရိတ်သတ်တွေက စိတ်ဆိုးဒေါသထွက်ကြတာပဲဖြစ်ပါတယ်နော်..။ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုမယုံကြည်ကြတော့ပဲ ဒလန်လို့ထင်နေကြတဲ့ ပရိတ်သတ်တွေကို အခုလိုပဲရှင်းပြလာခဲ့တာပဲဖြစ်ပါတယ်.။

မြင့်မြတ်က”တစ်နိုင်ငံလုံးအရေးအခင်းဖြစ်နေချိန် ပြည်သူအားလုံးဖိအားပေါင်းများစွာအောက်မှာ မြေစာပင်ဖြစ်နေကြတာပါ…. ကျွန်တော်လည်း ပြည်သူထဲက ပြည်သူတစ်ယောက်ပါ “မြေစာပင်” တစ်ပင်ပါပဲ… ကျွန်တော် လုံးဝ လုံးဝ “ဒလန်” မဟုတ်ပါဘူး…ယုံကြည်ပေးပါ 🙏🙏🙏” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ပရိတ်သတ်ကို ရှင်းပြလာခဲ့တာပဲဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရရှိပါတယ်နော်…။

LEAVE A REPLY

Please enter your comment!
Please enter your name here